<ချင်ဟူသောအမျိုးသမီး၊ကြမ္မာနတ်၏ မ
သေမျိုးခြယ်လှယ်သူ>သို့ဖြစ်ရာ လူအိုကြီးသည် တစ်ခုချင်းစီကို ဖြ
ည်းဖြည်းချင်း ဖြည့်စွက်ပြောပြလေသည်။ကျန်းရီ အသက်သုံးနှစ်အရွယ်တွင် အိမ်မှ ရု
တ်တရက် ပျောက်ဆုံးသွားခြင်းကြောင့် တစ်မိသားစုလုံးသည် အဖွဲ့နှစ်စုခွဲ၍ ညဝက်လုံးနီးပါး ရှာဖွေခဲ့ပြီး နောက်ဆုံးတွင် မြို့ပြင်ရှိတောအုပ်အလယ်၌ သူ့ကို ရှာတွေ့ခဲ့ကြသ
ည်။ဤကိစ္စကြောင့် ကျန်းရီ၏ အဖိုးဖြစ်သူသည် တောစပ်၌ သားရိုင်းတစ်ကောင်ကြောင့် ဗိုက်ကို ထိုးဖောက်ခံခဲ့ရ၏။ကျန်းရီ ငါးနှစ်သားအရွယ်တွင်လည်း အိမ်၌
မီးဖြင့် ဆော့ကစားမိရာမှ တစ်အိမ်လုံး မီးစွဲလောင်ကာ အဖိုးနောက်တစ်ဦးကို သေစေခဲ့ပြန်သည်။ထို့နောက် ကျန်းရီခုနစ်နှစ်သားအရွယ်တွင်....
ဤသို့ဖြင့် ကျန်းရီ ဆယ်နှစ်သားအရွယ်သို့
ရောက်လာသောအခါ မူလက လူစည်ကားခဲ့သော ကျန်းမိသားစုတွင် ကျန်းရီတို့ သားအဖသာ ကျန်ရစ်ခဲ့ပြီး ရှင်သန်နေထိုင်ရေးအတွက် တစ်ဦးကို တစ်ဦး မှီခိုခဲ့ရသည်။အခြားမိသား
စုနှင့် ထိမ်းမြားသွားသော အဒေါ်ဖြစ်သူ ချင်နျန်ကျစ်ကိုတော့ဖြင့် ထည့်တွက်နေစရာပင်
မလိုချေ။ဤအကြောင်းကို ဝမ်ရွှမ် ကြားလိုက်ရသည်နှင့် အတော်လေး မယုံသင်္ကာဖြစ်လာသည့်နှယ်ခံစားလိုက်ရပြီး မနေနိုင်တော့ဘဲ မေးမြန်းမိ
သည်။"ဒီချင်နျန်ကျစ်က ဘာဖြစ်နေတာလဲ?"
"ချင်နျန်ကျစ်...သူက ကျန်းမိသားစုထဲမှာ တစ်ဦးတည်းသော အထက်မြတ်ဆုံး အမျိုးသ
မီးပဲ"လူအိုကြီးသည် အေးစက်စွာ ဆို၏။
"အဲ့ဒီအရူးကောင်က တကယ့် ပြသနာအိုးပါလို့ လူတိုင်းက ပြောနေပေမယ့် ကျန်းမိသား
စုကတော့ ဘူးခံငြင်းနေတာလေ။ချင်နျန်ကျစ်တစ်ယောက်ကပဲ အဲ့ဒီပြသနာအိုးကို ခေါ်ထားလို့ မဖြစ်ဘူးဆိုတာကို သဘောပေါက်တယ်။ အဲ့ဒီကလေးကို လည်ပင်းညှစ်ပြီးတော့တောင်သတ်မိတော့မလို့။သူသာ နောက်ဆုံးစက္ကန့်ပို
င်းလေးမှာ မရပ်ခဲ့မိရင် ကျန်းမိသားစုလည်း အခုလို အခြေအနေအထိ အဖြစ်ဆိုးသွားပါ့မလား!"

ESTÁS LEYENDO
တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]
Aventura-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian I do not own any part of this novel. All credits go to ORIGINAL AUTHOR and ENGLISH TRANSLATOR 🙏 Pl...