<အစ်ကို...ကျွန်တော့်ကိုနောက်တစ်ကြိမ်ပြန်
လာရှာရလိမ့်မယ် >"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး!သွေးကျိန်
ကတိစာချုပ်တော့ မလိုပါဘူး"ဝမ်ရွှမ့်မှာ ချွေးပျံသွားရပြီး သူ့ကို အလျင်စ
လို တားဆီးလိုက်၏။သူ တကယ် လန့်သွားရသည်။သွေးကျိန်ကတိစာချုပ်ချုပ်ခြင်းက အလွန် အကျိုးရှိ
သော အရာဟု ထင်ရသော်လည်း ၎င်းသည်
အကျိုးဆက်များကို မဆင်ခြင်တတ်သော အ
တွေးစိတ်သာ ဖြစ်သည်။ဝမ်ရွှမ့်လို တာဝန်ရှိ
တဲ့ လူတစ်ယောက်အတွက် ဒါက ဘယ်လိုတောင် ရယ်စရာကောင်းတဲ့ ကိစ္စမျိုးလဲ?အ
ကယ်၍သာ သွေးကျိန်စာချုပ်ကို အမှန်တက
ယ် ချုပ်ဆိုခဲ့လျှင် သူ့ဘဝ ဆုံးသည့်တိုင် တစ်
ဖက်လူကို တာဝန်ခံပေးရတော့မည် မဟုတ်ပါလော?"မင်း အလွန်ဆုံး ကတိသစ္စာပြုပြီး ဘယ်သူ့ကိုမှ ထုတ်မပြောဘူးလို့ ကတိပေးရင်ရပါပြီ။အဲ့လောက်ပဲ "
ဝမ်ရွှမ်က လေးလေးနက်နက် ထပ်ပြောလိုက်
၏။" အလွန်ဆုံးနော် "
ကောင်လေးက သူ ကိုက်ထားသော လက်ကို
ဆုပ်ကိုင်ရင်း သနားစရာကောင်းသော လေ
သံဖြင့် အတည်ပြုသလို မေးလာသည်။"အလွန်ဆုံး..?"
ဝမ်ရွှမ် အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်၏။
ထိုကောင်လေးက လက်ထိပ်၌ စိမ့်ထွက်နေပြီးဖြစ်သော သွေးစက်တို့ထံ အကြည့်ပို့၍ လျှာဖြင့် တိတ်တဆိတ် သပ်လိုက်၏။သူ့ပုံစံမှာ အမှန်တကယ် စိတ်ပျက်သွားသည့်နှယ်။
မင်းက ဘာတွေ စိတ်ပျက်သွားရတာတုန်း?
ဝမ်ရွှမ့်နှဖူးပေါ်၌ ချွေးစေးများ အထိန်းအကွ
ပ်မဲ့စွာ ထွက်လာရပြန်သည်။သူ....ဒီကောင်
လေးကို လုံးဝ နားမလည်နိုင်တော့ဘူး။ကောင်းသောအရာသည်ကား ဝမ်ရွှမ့် သီးသန့်
တောင်းဆိုချက်အောက်တွင် ထိုကောင်လေးက ကျန်ကိစ္စများကို သိပ်အရေးတယူ မလုပ်တော့ပေ။သူ့လက်ချောင်းပေါ်မှ ဒဏ်ရာကို သန့်စင်ပြီးနောက် သင့်တော်သော အနေအ
ထားယူ၍ မိုးပေါ်သို့ လက်သုံးချောင်း ထောင်
လိုက်ပြီး အမိန့်နာခံသော လေသံမျိုးဖြင့်

KAMU SEDANG MEMBACA
တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]
Pertualangan-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian I do not own any part of this novel. All credits go to ORIGINAL AUTHOR and ENGLISH TRANSLATOR 🙏 Pl...