အခန်း(၃၀)

1.8K 364 20
                                    

<အရိပ်မှော်စွမ်းအင်နှင့်အတူ>

မြောက်ပိုင်းဖန်လိုင်ဂိုဏ်းတည်ရှိရာ ပေ့နင်(မြော
က်ပိုင်းနင်)ပြည်၏ အရှေ့တောင်ဘက်အရပ်ရှိ
အခန်းတစ်ခန်းထဲသို့ အဖြူရောင်အလင်းတန်းတစ်ခု ဖြာကျလာသည်။ထိုအဖြူရောင် အလင်း
တန်း မှိန်ဖျော့သွားချိန်တွင် မိန်းကလေးတစ်ဦးလည်း လေထဲမှ ပြုတ်ကျလာသည်။

ထိုမိန်းကလေးသည် ကျန်းရီကြောင့် အသက်
ပျောက်ခါနီးမှ ပွတ်ကာသီကာလွတ်မြောက်
လာသော ရွှယ်ပင်းအာပင်ဖြစ်ချေသည်။

ရွှယ်ပင်းအာသည် အကြီးအကျယ် ထိတ်လန့်နေ
ဆဲဖြစ်ပြီး သေမတတ် ဖြူဖျော့နေသော မျက်နှာ
ဖြင့် အထိန်းအကွပ်မဲ့စွာ တုန်ယင်နေ၏။

သူမ အသိစိတ်ပြန်ဝင်လာရန် အချိန်အတော်ယူ
လိုက်ရသည်။ စိတ်အလိုမကျမှုကြောင့် တွန့်လိမ်နေရာမှ ကျောမတ်လာသည်။ ကျန်းရီကို အလွန်စိတ်ဆိုးလှသည့်အတွက် ဒေါသတကြီး ခြေဆောင့်လိုက်၏။ သူမ၏ ဝတ်ရုံစကို ခါထုတ်ရင်း ဂို
ဏ်းမှ အကြီးအကဲများကို ငိုယိုတိုင်ကြားရန် ဆုံး
ဖြတ်လိုက်လေသည်။

သူမ အခန်းထဲမှထွက်လာပြီး စင်္ကြံလမ်းသို့ခြေနှစ်လှမ်းပင် မလှမ်းရသေးခင်တွင် တစ်စုံတစ်
ယောက်နှင့် ဆုံဖြစ်သွားသည်။ ထိုလူဟာ ချင်ရှိ
ယွီဖြစ်နေ၏။

"ညီမ​လေး မင်း ဘယ်တွေသွားနေတာလဲ?"

"အစ်ကို မင်းကိုရှာနေတာကြာလှပြီ"

ရွှယ်ပင်းအာ၏ ခြေလှမ်းများ တန့်သွားပြီး သူမ
၏ မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်းအမူအရာ
ထင်ဟပ်လာသည်။ ဤတစ်ကြိမ်တွင် သူမကိုယ်
တိုင် ပြဿနာသွားရှာသည့် ကိစ္စကို ဂိုဏ်းအကြီး
အကဲများ မသိကြပေ။

သို့သော် စက္ကန့်ပိုင်းမျှအကြာတွင် ဤရှက်ကိုးရှ
က်ကန်းခံစားချက်ကို မကျေနပ်မှုများက ဖုံးလွှမ်း
သွားသည်။ သူမ၏ မျက်ဝန်းများ နီမြန်းလာပြီးတွေ့ကြုံခဲ့ရသော ပြဿနာအလုံးစုံကို ချင်ရှိယွီထံ ငိုယိုတိုင်ပြောလေတော့သည်။

"အဲ့ကောင်စုတ်က တကယ့် မကောင်းဆိုးဝါးပဲ!"

ရွှယ်ပင်းအာက မျက်ရည်လည်ရွဲဖြင့် ရှိုက်ငို
သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now