အခန်း(၇၇)(၂)

928 137 6
                                    

ထိုအခန်းကို ဧည်သည့်နားနေခန်းဟု ခေါ်ဆိုသော်
လည်း ဝမ်ရွှမ့်အတွက် သန့်ရှင်းပြီး နေရာကျယ်
သော လှိုဏ်ဂူတစ်လုံးနှင့် ပိုဆင်တူသည်။

ယဲ့ချင်ထွက်သွားပြီးနောက် ဝမ်ရွှမ်သည် တော
င်ကြားလောကသခင်ပေးလိုက်သော ကျောက်
စိမ်းပြားထဲသို့ နတ်အာရုံကို ဖြည်းညှင်းစွာ ပို့လွှ
တ်လိုက်သည်။နတ်အာရုံထဲသို့ ရောက်လာသည်နှင့်  အထဲတွင် ရပ်စောင့်နေသော လူတစ်ဦးကို ချ
က်ချင်း တွေ့လိုက်ရသည်။

ဤကျောက်စိမ်းပြားက ဖန်တီးထားသော ပုံရိပ်လောကထဲတွင် ဝမ်ရွှမ်သည် လူသားစင်စစ်အ
သွင်နှင့် သန့်ရှင်းသပ်ရပ်စွာ ရှိနေဆဲပင်။လူသားစင်စစ်အသွင်နှင့် ရှိနေရခြင်းမှာ ဝမ်ရွှမ်ဟာ စိတ်
နှလုံးသားထဲတွင် ကိုယ့်ကိုယ်ကိုယ် လူသားအနေနှင့် အမြဲတမ်း နှလုံးသွင်းမှတ်ယူထားခြင်းကြောင့်ပင်။

ဝမ်ရွှမ် ဆက်လျှောက်လာရင်း ပုံရိပ်လောကထဲမှ သူ့ခန္ဓာပေါ်တွင် ရစ်ပတ်ချုပ်နှောင်ထားသော သံ
ကြိုးများကို တွေ့လိုက်ရသည်။ထိုအနှောင်အဖွဲ့သံကြိုးများကို အရှင်းဖြတ်ပစ်နိုင်မှ အရာအား
လုံးကို ကျောခိုင်းနှုတ်ဆက်နိုင်ပြီဖြစ်ကြောင်း သက်သေပြနိုင်လိမ့်မည်။ထိုမှသာ လူသားစင်စစ်အဖြစ် ပြန်မွေးဖွားလာပြီး ပြန်ကျင့်ကြံနိုင်မည်ဖြ
စ်သည်။

ဝမ်ရွှမ်သည် လက်တစ်ဖက် ဆန့်ထုတ်ပြီး ပထမဆုံးသံကြိုးတစ်ချောင်းကို ဆုပ်ကိုင်လိုက်သည်။

ပထမဆုံးသံကြိုးတွင် သူ၏ ငယ်ဘဝကို ပြန်မြင်ရသည်။ထိုအချိန်တုန်းက ချူလျန်လည်း တံခွန်တိမ်တိုက်ဂိုဏ်းတွင် ရှိနေဆဲဖြစ်သည်။သူသည် ဝမ်ရွှမ့်ကို ပြုစုပျိုးထောင်ပေးရန် စိတ်မပါခြင်းကြောင့် ကျင့်ကြံခြင်းလမ်းစဥ်တစ်ခုကိုသာ ပေးခဲ့သည်။ နောက်ပိုင်းတွင် ဝမ်ရွှမ့်ကို ကိုယ့်ဘဝကိုယ်ကျောင်းရန် ပစ်ထားခဲ့ရုံသာမက ကျင့်ကြံခြင်းလောကထဲတွင် ကိုယ်တိုင်ကိုယ်ကျ နည်းလ
မ်းရှာပြီး ကျင့်ကြံခိုင်းခဲ့သေးသည်။ကံကောင်း
ထောက်မစွာဖြင့် တံခွန်တိမ်တိုက်ဂိုဏ်းထဲတွင် ရွှေအမြုတေအဆင့် အကြီးအကဲသုံးဦးရှိနေခြင်းကြောင့် ဝမ်ရွှမ် သူတို့ကို တစ်စုံတစ်ခုသွားမေးတို
င်း သူတို့၏ တပည့်များကို ရှင်းပြခြင်းသည်ထ
က် အချိန်ကြာမြင့်စွာ စိတ်ရှည်လက်ရှည် ရှင်းပြသင်ကြားပေးကြသည်။၎င်းသည် ဝမ်ရွှမ့်ဘဝတွင် ပထမဆုံးခံစားခဲ့ရသည့် နွေးထွေးမှုဖြစ်ပြီး တံခွန်တိမ်တိုက်ဂိုဏ်းအပေါ် သံယောဇဥ် ပေါက်
ဖွားလာစေသည့် အဓိကအကြောင်းအရင်းလည်း
ဖြစ်သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now