အခန်း(၅၆)

1.1K 233 10
                                    

          <နှုတ်ဆက်ပါတယ် မုရုံဖုန်း>

အဘိုးအိုချန်သည် ဝမ်ရွှမ် ထိုသို့ ပြောလာလိမ့်မည်ဟု မထင်မှတ်ထားသည့်အတွက် ကြော
င်အသွားရလေသည်။

ဝမ်ရွှမ်သည်လည်း ထိုစကား တစ်ခွန်းကိုသာ ခွန်းတုံ့ပြန်ပြီး မျက်လွှာချလျက် ဘေးဘက်မှ တိတ်ဆိတ်စွာ ရှောင်ထွက်သွားခဲ့သည်။

ဝမ်ရွှမ် ဖြတ်သွားပြီးနောက် အဘိုးအိုချန်သ
ည် နောက်ပြန်လှည့်၍ ဝမ်ရွှမ့် ကျောပြင်ကို ကြည့်ရင်း မည်သို့ တုံ့ပြန်ရမှန်း မသိသေးချေ။အချိန်အတော်ကြာမှ မြေကြီးပေါ်သို့ တု
တ်နှင့် ထပ်ဆောင့်ချလိုက်ပြီး အေးစက်သောအမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။အဆုံးတွင် ဝမ်ရွှမ့်ကို လျစ်လျူရှုလိုက်ပြီး အိမ်သို့ ပြန်လျှောက်သွားခဲ့သည်။

ပြန်လှည့်ပြီးသည်နှင့် အဘိုးအိုသည် စကား တစ်ခွန်းကို တိတ်ဆိတ်စွာ ရေရွတ်လိုက်လေသည်။

"သူ ဘာအပြစ်မှ မလုပ်ခဲ့ဘူးလား?"

ဝမ်ရွှမ်သည် ဤအချက်ကို ရှင်းလင်းစွာ နား
လည်ထား၏။သူ ဘာအပြစ်မှ မလုပ်ခဲ့ပေ။သို့သော် သူ့ကိုယ်ထဲတွင် စီးဆင်းနေသော နတ်မိစ္ဆာသွေးများကိုတော့ ဖယ်ရှား၍ မရနို
င်။၎င်းသည် အပြစ်ကို ပေးဆပ်ရန် ပြုမူခဲ့ခြ
င်း မဟုတ်ဘဲ တစ်စုံတစ်ဦးက ခွင့်လွှတ်သည်ဖြစ်စေ၊ခွင့်မလွှတ်သည်ဖြစ်စေ လုပ်သင့်လုပ်ထိုက်သော လုပ်ရပ် တစ်ခုဖြစ်သည်ဟု ယူဆမိခြင်းကြောင့် ပြုမူခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးတွင် ဝမ်ရွှမ်သည် နေအိမ်သို့ ပြန်ရောက်လာခဲ့သည်။ဤနေရာတွင် ရပ်၍ ပြန်လှည့်ကြည့်ရာ တစ်မြို့လုံး၏ ရှုခင်းကို မြင်နေရသည်။ဖြစ်နိုင်လျှင် ကောင်းကင်ဘုံနတ်
မိစ္ဆာ၏ အသွေးအသားနှင့်အတူ မွေးဖွားမှုဇ
စ်မြစ်ကိုပါ ဤမြို့ငယ်လေး၌ အပြီးတိုင် မြှု
ပ်နှံထားချင်ခဲ့သည်။သို့သော် သူလုပ်နိုင်သ
ည်ဆိုလို့ ဤအသွေးအသားများ၏ ဖိအားကို ကြံ့ကြံ့ခံလျက် ဘဝကို ရှေ့ဆက်လျှောက်
သွားရန်သာ။

တိုက်ဆိုင်စွာဖြင့် အရာအားလုံး ပြီးဆုံးသွားချိန်တွင် တစ်စုံတစ်ခုကို ဝမ်ရွှမ် သတိထားမိ
သွားပြီး တောင်အရပ်ဆီသို့ အကြည့်ရွှေ့လို
က်သည်။အလွန် စွမ်းအား ပြင်းထန်ပြီး ဖုံးကွ
ယ်ထားခြင်း မရှိသော အရှိန်အဝါ တစ်မျိုးက ထိုအရပ်မှ ထွက်ပေါ်လာလျက်ရှိသည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now