အခန်း(၅၃)

1.1K 224 3
                                    

                   <ခိုလှုံရာအရိပ်ငယ်>

သူ့တွင် မျှော်လင့်ချက်ရေးရေးလေးတော့ ရှိနေဆဲပင်။ယခုအချိန်၌ သက်သေပြနိုင်သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ အ
မျိုးသမီးတစ္ဆေသည် အသက်ရှင်စဥ်က ကော
င်းကင်ဘုံနတ်မိစ္ဆာနှင့် ရခဲ့သည့် ကလေးငယ်ကို မွေးဖွားခဲ့လိမ့်မည်။သို့သော် ထိုကလေးဟာ ဝမ်ရွှမ်နှင့် ပတ်သတ်နေကြောင်းတော့ သက်သေမပြနိုင်ပေ။တံခွန်တိမ်တိုက်ဂိုဏ်းသို့ လွန်ခဲ့သော အနှစ်ငါးဆယ်က ချူလျန် ခေါ်လာခဲ့လျှင်တောင်၊တစ္ဆေအမျိုးသမီးက
သို့နှယ် နောင်တမျိုးကို ဖွင့်ဟပြခဲ့လျှင်တော
င် တိုက်ဆိုင်ခြင်းသာ ဖြစ်ပေမည်။တစ္ဆေအ
မျိုးသမီးဟာ သူ့ကို လူမှားခဲ့ခြင်းသာ ဖြစ်လိမ့်မည်။

ဝမ်ရွှမ်သည် ဤသို့တွေးရင်း နောက်ဆုံးသော မျှော်လင့်ချက်ကို ဆုပ်ကိုင်၍ သူ့ကိုယ်သူ လိမ်ညာလိုက်သည်။

အတွေးများမှ အသိစိတ်ပြန်ဝင်လာချိန်တွင် သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲ တောင်ပေါ်သို့ နောက်တစ်ကြိမ် ပြန်တက်လာနှင့်နေပြီ။နောက်ဆုံး အဖြေတစ်ခု ရဖို့အတွက် က
လေး၏ တည်နေရာကို သူသိမှ ရမည်။

သို့ပေမယ့် သူ့ခြေဖဝါးအောက်မှ ဆီးနှင်းများ အရည်ပျော်လာသည်အထိ ထိုကလေးကို ဘယ်နေရာကနေ စရှာရမှန်းတောင် မသိခဲ့ချေ။ထိုအချိန်တုန်းက တစ္ဆေအမျိုးသမီး၏ အလောင်းကို ရှာတွေ့ခဲ့သော နေရာကို မေးလာရန်လည်း သူမေ့သွားခဲ့သည်။

ဦးတည်ချက် မရှိပါဘဲ ဝမ်ရွှမ်သည် နောက်တစ်ကြိမ် ခြေမလှမ်းမီ သူရပ်နေသော နေရာတွင်သာ တုန်ယင်နေခဲ့သည်။ထို့နောက် တော
င်ပတ်လည်ကို ရည်ရွယ်ချက်မဲ့စွာ ပတ်လျှော
က်နေခဲ့မိသည်။

သို့နှယ် အသိစိတ်လွတ်နေသူပမာ အချိန်အ
တန်ကြာအောင် ပတ်လျှောက်နေပြီးနောက် ဂူထဲသို့ ပြန်ရောက်လာခဲ့သည်။

ဤဂူသည် ကောင်းကင်ဘုံနတ်မိစ္ဆာ၏ ဦးချိုကို ရှာတွေ့ခဲ့သော၊မုရုံဖုန်း၏ မီးအဆိပ်ကို ကုသနိုင်မည့် မျှော်လင့်ချက်ကို ရှာတွေ့ခဲ့သော နေရာဖြစ်သည်။ပျော်ရွှင်မှုနှင့် ကြည်နူးစိတ်တို့က သူ့လက်ထဲတွင် ရှိနေဆဲသာ။သို့သော် ဤဂူသည် တစ္ဆေအမျိုးသမီးနှင့် တွေ့ဆုံခဲ့သော၊သူ၏ မွေးဖွားမှု ဇစ်မြစ်ကို သူကိုယ်တို
င် ပထမဆုံးအကြိမ်အဖြစ် သံသယဝင်ခဲ့ပါသော၊အပြန်ပြန်အလှန်လှန် ရှာဖွေစုံစမ်းပြီးကာမှ ယခုလို အသိစိတ်လွတ်သွားစေလော
က်သည့် အမှန်တရားကို ပြသလာခဲ့သော နေ
ရာလည်းဖြစ်သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now