အခန်း(၁၇)

2.2K 446 31
                                    

<အနှစ်နှစ်ဆယ်ကြာဝေးကွာခဲ့သောဆရာသခင် >

မြောက်ပိုင်းနင်ပြည်ထောင်၌ဖန်လိုင်ဂိုဏ်းက
ဖန်လိုင်ဂိုဏ်းခွဲဖွင့်လှစ်ခဲ့သလိုတန်ရှင်းဂိုဏ်း
သည်လည်းရှန်ပြည်ထောင်၏ဗဟိုအချက်
အချာမြို့မှဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီးတန်ရှင်း
ဂိုဏ်းဟုခေါ်သောအခြားဂိုဏ်းခွဲတစ်ခုကို
လည်းဖွင့်ခဲ့၏။

ချီကျိပိုင်နှင့်တန်ရှင်းဂိုဏ်းအကြားဖြစ်ပွားခဲ့
သောပြသနာများမှာအလွန်ကြာမြင့်ခဲ့ပြီဖြစ်
သော်လည်းယခုအချိန်တွင်တော့ရိုးရှင်းစွာ
ရှင်းပြနိုင်ပေသည်။

ချီကျိပိုင်အားအခြားတန်ရှင်းဂိုဏ်းခွဲတစ်ခုဆီ
သို့စေလွှတ်ခဲ့ပြီးနောက်ချီကျိပိုင်က၎င်းဂိုဏ်း
ခွဲအတွက်အကျိုးဖြစ်ထွန်းစေမည့်အကြုံပြု
ချက်များစွာကိုအဆိုတင်သွင်းခဲ့၏။သို့သော်
၎င်းအကြုံပြုချက်များသည်ဂိုဏ်းမှသြဇာ
အာဏာရှိသောမျိုးနွယ်များ၏အကျိုးစီးပွား
နှင့်ဆန့်ကျင်နေခဲ့သည်။ထို့ကြောင့်ဂိုဏ်းသား
မိတ်ဆွေများ၏မျက်လုံးထဲတွင်ချီကျိပိုင်က
ဆူးညှောင့်ခလုတ်လိုဖြစ်နေခဲ့ပြီးအထူးပစ်
မှတ်ထားခံခဲ့ရသည်။

အဆုံးသတ်၌ခြုံခိုတိုက်ခိုက်ခံရခြင်းနှင့်မ
ဟုတ်မမှန်စွပ်စွဲခြင်းတို့ကိုရင်ဆိုင်ခဲ့ရပြီးဒဏ်
ရာအကြီးအကျယ်ရခဲ့ရှာသည်။သူ၏အခြေခံတည်ထောင်ခြင်းအုတ်မြစ်တောင်မှဖျက်ဆီးခံခဲ့ရသေးသည်။ပြန်လည်သက်သာလာချိန်မှသူသိလိုက်ရသောအမှန်တရားကတန်ရှင်းဂိုဏ်း၏ခေါင်းဆောင်သည်ထိုကိစ္စကိုကောင်းစွာသိနေခဲ့သော်လည်းမျက်ကွယ်ပြုရန်သာရွေးချယ်ခဲ့သည်ဟူ၍ပင်။

ခံပြင်းစိတ်ဖြင့်ချီကျိပိုင်ကတန်ရှင်းဂိုဏ်းမှ
ထွက်လာပြီးဤနာမည်ကြီးစကားလုံးများကို
ပြောခဲ့ခြင်းဖြစ်ပေသည်။

--ငါ့ရဲ့ဂိုဏ်းကတောင်ငါ့ကိုစွန့်ပစ်ခဲ့သေးတာပဲ
ဒါဆိုဘာကြောင့်များငါကငါ့ရဲ့ဂိုဏ်းကိုကျော
မခိုင်းပစ်ရက်ရမှာလဲ?--

ဤစကားလေးတစ်ခွန်းကပင်ကျင့်ကြံရေး
လောကတစ်ခွင်လုံးကိုကိုင်လှုပ်နိုင်ခဲ့သည်။
လျှပ်တစ်ပြက်အတွင်းအငြင်းပွားမှုများလည်းလျင်မြန်စွာပေါ်ပေါက်လာပြီးအဆုံး
သတ်၌ချီကျိပိုင်၏ဂရုဏာနှင့်ဥာဏ်ပညာက
လူထုအပေါ်လွှမ်းမိုးသွားခဲ့သည်။တန်ရှင်းဂိုဏ်းသည်လည်းသူတို့အမှားကိုသိ၍ချီကျိပိုင်အပေါ်မည်သို့သောပြသနာမျိုးမှမဖန်တီးဝံ့တော့ပေ။တံခွန်တိမ်တိုက်ဂိုဏ်းသည်သာခြေတစ်လှမ်းတိုး၍ချီကျိပိုင်ကိုအထောက်အပံ့ပေးခဲ့လေသည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now