အခန်း(၃၄)

1.9K 294 6
                                    

<ကျို့ဖုန်းမြို့ကိုပထမဆုံးရောက်တဲ့အချိန်မှာလူတိုင်းကပြသနာကောင်လို့ခေါ်နေကြ
ယ်>

ကျို့ဖုန်းမြို့သည်တံခွန်တိမ်တိုက်ဂိုဏ်းနှင့်သိပ်မဝေးလှသော်လည်း ဝမ်ရွှမ်သည်ယခင်ကဤနေရာ၌ခရီးတစ်ထောက်နားခဲသည်။ယခုအချိန်တွင် စုံစမ်းလိုသောရည်ရွယ်ချက်များဖြင့်ရောက်လာမှသာ မြို့၏သဘာဝရှုခ
င်းနှင့်အခြေအနေကိုပထမဆုံးအကြိမ်အဖြစ်
ဂရုတစိုက်ကြည့်ရှုမိခြင်းဖြစ်လေသည်။

သူထွက်ခွာလာခဲ့သော အန်ဖုန်းမြို့နှင့်နှိုင်းယှဥ်ရလျှင်ကျို့ဖုန်းမြို့ကအနည်းငယ်ပိုကျဥ်းမြောင်းသည်။လူဦးရေပမာဏကတော့လျော့
နည်းသွားခြင်းမရှိဘဲလမ်းတိုင်းတွင်ဆူညံသံ၊ပျော်ရွှင်သံများဖြင့်ပျားပန်းခပ်မျှစည်ကားလျက်ရှိပေသည်။

ခြေလှမ်းနှစ်လှမ်းတိုင်းတွင်လမ်းဘေးစျေးဆိုင်များရှိကြပြီး ဆိုင်ရှင်များသည်သူတို့၏
ကုန်ပစ္စည်းများကိုကျယ်ကျယ်လောင်လောင်အော်ဟစ်၍ကြော်ငြာနေကြသည်။နေရာအနှံ့တွင်သက်ဝင်လှုပ်ရှားမှုများဖြင့်တက်ကြွရွှင်
လန်းနေပေသည်။

ဝမ်ရွှမ်ဖြတ်လာသောတည်းခိုဆောင်မှစားပွဲထိုးလေးသည်ပင်တံခါးဝ၌ဧည့်သည်များကိုဆွဲခေါ်၍

"ကျင့်ကြံသူဆရာ ခင်ဗျားကိုကြည့်ရတာလူသစ်ထင်တယ် ဒီတစ်ညတည်းခိုဖို့အတွက်နေရာများလိုနေသေးသလား?ကျွန်တော်တို့ရဲ့တည်းခိုဆောင်ကြီးကဒီမြို့ထဲမှာအကောင်းဆုံးတည်းခိုဆောင်ပဲ!"

ဝမ်ရွှမ်စိတ်ဝင်စားသွားပြီးစားပွဲထိုးကောင်လေးကိုပြုံးရင်းမေးလိုက်၏။

"ငါကလူသစ်မှန်းမင်းဘယ်လိုသိတာလဲ?ကျို့ဖုန်းမြို့ကမျက်နှာတွေအားလုံးကိုမင်းမှတ်မိတယ်ပေါ့?"

"မဟုတ်ပါဘူး မဟုတ်ပါဘူး ဒီမြို့ထဲမှာလူတွေအများကြီးရှိတယ်"

စားပွဲထိုးကောင်လေးသည်အလျင်စလိုရှင်းပြလာလေသည်။

"ဒါပေမယ့်ဒီကကျင့်ကြံသူဆရာလိုမျိုးသာမန်ထက်လွန်ကဲနေတဲ့အံ့မခန်းဖြစ်တည်မှုမျိုးနဲ့လူတွေကိုတော့ကျွန်တော်သေချာပေါက်မမေ့နိုင်ပါဘူး"

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now