အခန်း(၅၄)

1.1K 230 2
                                    

<ယဲ့ရှန်းကော>

(ဖျတ်ခနဲပဲပါတာပေမယ့်ဒီအပိုင်းလည်းတစ်
ခုခုစားရင်းဖတ်နေမှာစိုးလို့warningပိစိလေးကြိုပေးလိုက်ရပါတယ်)

နှင်းများ ကျဆင်းနေသော ရှုခင်း၊သန်းခေါင်
ယံ ကောင်းကင်ပြင်ကျယ်နှင့် ဥာဥ့်နက်လစန္ဒာမှ သွယ်ဖွဲ့ ဖြာကျလေသော လရောင်။

လူနှစ်ဦးသည် သန့်ရှင်းနေသော နေရာတွင် ဘေးချင်းယှဥ်ထိုင်လျက် ရှိကြသည်။ဝမ်ရွှမ်သည် ကျန်းရီ၏ ပခုံးကို ညင်သာစွာ မှီနေရင်း မျက်စိရှေ့မှ ရှုခင်းကို ငြိမ်သက်စွာ ကြည့်နေ
၏။

အချိန်တစ်ချို့ကြာမှ ဝမ်ရွှမ် သက်ပြင်းချလို
က်သည်။

"အရမ်းနောက်ကျနေပြီ။မင်းလည်း သွားနားတော့လေ"

"အင်း...."

ကျန်းရီက အသံပြုလာသော်လည်း တုတ်တု
တ်မျှ မလှုပ်သေး။သူ့ပုခုံးပေါ်တွင် ဝမ်ရွှမ် မှီနေဆဲပင်။ဝမ်ရွှမ့်အတွက် ပုခုံးတစ်ဖက် ငှားပေးနိုင်ကြောင်း ပြောပြီးစဥ်ထဲက ဝမ်ရွှမ်က သူ့ကို မှီနေခြင်းဖြစ်သည်။၎င်းသည် အလွန် စွဲလမ်းစရာကောင်းသော ခံစားချက်မျိုး ဖြစ်
ပြီး လူတစ်ယောက်ကို မှီခိုလိုက်ခြင်းက နှလုံး
သားထဲမှ ကွက်လပ်ပေါင်းများစွာကို ဖြည့်စွ
မ်းပေးနိုင်ကြောင်း ဝမ်ရွှမ် ယခုမှ သဘောပေါ
က်သွားရသည်။

သို့သော် ကျန်းရီကို ဘဝတစ်လျှောက်လုံး မှီခိုနေ၍တော့ မဖြစ်။ဟန်မဆောင်နိုင်လောက်အောင် ပျော့ညံ့နေခြင်းကို ရပ်တန့်ပစ်ရန် အ
ချိန်တန်ချေပြီ။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဝမ်ရွှမ် ထရပ်ရန် ပြင်လိုက်သည်။သို့သော် ကျန်းရီက သူ့ကို ပြန်ဆွဲချ၏။

"နေ့လည်တုန်းက နားပြီးပြီ"

"အဲ့ဒီလောက်နဲ့ မလုံလောက်ဘူး"

ကျန်းရီက ပြုံး၍ ဝမ်ရွှမ့်ကို ခေါင်းလှည့်ကြည့်သည်။

"ဒါဆို အတူတူ ပြန်ရအောင်"

ဝမ်ရွှမ်က တစ်ခွန်းမျှ မဆို။ဤသည်မှာ လုပ်သင့်လုပ်ထိုက်သော ကိစ္စမျိုး ဖြစ်သော်လည်း မြို့ငယ်လေးဆီသို့ ပြန်ရန် တွန့်ဆုတ်နေမိသ
ည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now