အခန်း(၇၈)

962 156 10
                                    

<ရှီးမင်မြေဝယ် ဆယ်နှစ်ကြာအကြင်သူတို့ ပြန်ဆုံလေပြီ>

တောင်ကြားလောကငယ်သို့ မထင်မှတ်ဘဲ ရော
က်ရှိခဲ့ခြင်းက ဝမ်ရွှမ့်ကို များစွာ သိနားလည်စေခဲ့သည်။တစ်ချိန်တုန်းက ဝမ်ရွှမ်သည် သူ့ကို လူ
တောမတိုးဝံ့သည်အထိ ချုပ်နှောင်ထားသော လှောင်အိမ်မှာ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော နတ်မိစ္ဆာသွေးများဖြစ်မည်ဟု တွေးခဲ့ဖူးသည်။နတ်မိစ္ဆာသွေးနှင့်ပတ်သတ်၍ ကိုယ့်ကိုယ်ကိုယ်
အများကြီး ရွံရှာမုန်းတီးပြီး နာကျင်ခဲ့ရသော်လ
ည်း စွန့်ပစ်၍မရနိုင်သည်ဖြစ်ရာ အရှိကိုအရှိအ
တိုင်း လက်ခံရလိမ့်မည်။

သို့ဖြစ်ရာ သူအမှန်တကယ် ဖျက်ဆီးပစ်ရမည့် လှောင်အိမ်ဟာ အဘယ်နည်း။ ဖြစ်နိုင်သည်မှာ သူ၏ လူသားဆန်သော အမူအကျင့်များပေတ
ည်း။

၎င်းကို ပိုသင့်တော်သော နည်းလမ်းဖြင့် ပြောရလျှင် ဝမ်ရွှမ့်၏ 'ငါလူသားတစ်ယောက်လိုပဲအမြဲနေရမယ်'ဟူသော စိတ်သဘောထားဖြစ်လိမ့်မ
ည်။

ယခုတွင် ဝမ်ရွှမ်သည်  တောင်ကြားလောကငယ်မှ ပြန်ထွက်လာပြီး လော့ဖုန်းတောင်တန်းသို့ ခရီးနှင်ခဲ့သည်။လော့ဖုန်းတောင်တန်းသည် တောင်အရပ်မှ မြောက်အရပ်သို့ မိုင်ပေါင်းသောင်းနှင့်ချီ ရှည်လျားကျယ်ပြန့်ပြီး ပေ့နင်၊ရှန်ဗဟိုပြည်နှင့် နန်ဖုန်းအစရှိသည့် ကုန်းမြေတိုက်ကြီးသုံးတိုက်တို့ကိုပါ ဖြတ်သွားသည်။လော့ဖုန်းတောင်တန်း
၏ အနောက်အရပ်ရှိ လွင်ပြင်ကျယ်ကိုမူ ရှီးမင်ဟု ခေါ်ဝေါ်ကြသည်။

နတ်ဆိုးသားရဲတို့၏ သုခဘုံ ရှီးမင်။

ဝမ်ရွှမ်သည် ရှီးမင်နယ်မြေကို လော့ဖုန်းတောင်
တန်းပေါ်မှ အချိန်အကြာကြီး ငေးစိုက်ကြည့်လျ
က်ရှိသည်။ထို့နောက် ကျင့်ကြံသူများ ကျင်လည်ရာအရပ်ဖြစ်သော အရှေ့နယ်မြေကို တစ်ချက်လှည့်ကြည့်ပြီးနောက် ခပ်ပြုံးပြုံးလေး ခေါင်းယမ်း
ပြီး နှုတ်ဆက်လိုက်သည်။

ဝမ်ရွှမ်သည် အမွှေးဖွာဖွာ အမြီးရှည်ကို ဝှေ့ယမ်းပြီး လော့ဖုန်းတောင်တန်းပေါ်တွင် အသော့နှင်ကာ ရှီးမင်းနယ်မြေထဲသို့ တန်းတန်းမတ်မတ် ဝင်သွားတော့သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now