အခန်း(၅)

3.3K 641 19
                                    

     <ချွန်မြတဲ့ဓားရှည်ကမကျိုးင့်ဘူး>

နွေးထွေးသောနွေနေရောင်ခြည်အောက်တွင်
သစ်ပင်တစ်ပင်၏အရိပ်အောက်၌ထိုင်နေ
သောလူငယ်လေး၏အပြုံးမှာနွေဦးပန်းပွင့်
လေးပမာတောက်ပလွန်းလှသည်။

"ဆရာတူအစ်ကို ကျွန်တော့်ကိုအချိန်ကြာကြာစောင့်ရအောင်လုပ်ပြန်ပြီနော်"

ဝမ်ရွှမ်သည်သူ၏ခြေလှမ်းများအားရုတ်တ
ရက်ရပ်တန့်လိုက်သည်။ဂရုတစိုက်၊မှန်မှန်
ကန်ကန်ဖြင့်သာရှေ့မှအခြေအနေများအား
ရင်ဆိုင်သင့်ကြောင်းခံစားလိုက်မိသည်။

သူလိုအပ်နေသောရွှေနက်သတ္တုရိုင်းအားလုံး
ကိုဒီတစ်ယောက်အကုန်ယူသွားခဲ့မှန်းအစော
ပိုင်းတစ်နာရီလောက်ကသိခဲ့ရ၏။ဒါပေမယ့်
သူဒီကိုချက်ချင်းလာရှာတာမဟုတ်ဘူး။သူ့ရဲ့
ကံကိုစမ်းသပ်ဖို့အတွက်ဂိုဏ်းရင်ပြင်စျေးရုံ
ကိုသွားခဲ့သေးတယ်။

ဂိုဏ်းစျေးရုံ၌စင်ငယ်များထောင်၍ပစ္စည်းလဲ
လှယ်တတ်ကြသောတပည့်မျိုးအမြဲရှိတတ်
သည်။စျေးရုံ၏ထောင့်တစ်နေရာတွင်တော့
တာဝန်သင်ပုန်းချပ်တစ်ခုတောင်ရှိသေး၏။
ထိုတာဝန်သင်ပုန်းချပ်မှာပါးလှပ်သော
ကျောက်ချပ်သဏ္ဍာန်ဝိဥာဥ်ရေးရာလက်နက်
ဖြစ်ပြီးထောက်ပံ့ငွေမှတ်အတွက်တာဝန်ရယူ
နိုင်ရန်တပည့်များအားသုံးခွင့်ပေးထား၏။

တစ်ချိန်တည်းမှာပင်မည်သည့်တပည့်မဆို
အကူအညီလိုလာပါကကိုယ်ပိုင်တာဝန်စာ
ရွက်စာတမ်းများထုတ်ရန်ထောက်ပံ့ငွေမှတ်
အနည်းငယ်အားအခကြေးငွေအဖြစ်သုံး၍
ထိုတာဝန်သင်ပုန်းချပ်ကိုအသုံးပြုနိုင်သည်။
တစ်နည်းဆိုရသော်စီးပွားရေးလုပ်ငန်းနောက်
တစ်နည်းဖြစ်၏။

အဲ့တာကအမှန်ပဲ။ဝမ်ရွှမ်ကိုယ်တိုင်လည်း
ပုဂ္ဂိုလ်ရေးအချက်အလက်တာဝန်နှင့်ပတ်သတ်၍ထိုတာဝန်သင်ပုန်းကျောက်ပြားပေါ်တွင်တွေ့ခဲ့သည်။တောင်းဆိုထားသောအချက်သည်ကားအခြေခံတည်ထောင်ခြင်းအဆင့်(သို့မဟုတ်)ထို့ထက်အဆင့်မြင့်သောကျင့်ကြံသူများ အသင်းဖွဲ့၍ဝိဥာဥ်ရေးရာသစ်ဥသစ်ဖုများရှာရန်ဖြစ်သည်။ထို့အပြင်ဤတာဝန်အတွက်ဆုလာဘ်မှာရွှေနက်သတ္တုရိုင်းလည်းဖြစ်နေပြန်၏။အဲ့ဒီအချိန်မှာဝမ်ရွှမ်ကသူ့ကိုယ်သူအရမ်းကံကောင်းတာပဲလို့တောင်တွေးခဲ့မိတယ်။မဖြစ်နိုင်တဲ့အခြေ
အနေမှာမမျှော်လင့်ထားဖူးတဲ့အသက်ကယ်ဆေးလေးပဲ! ဝမ်ရွှမ်ကထိုပုဂ္ဂိုလ်ရေးအချက်
အလက်တာဝန်ကိုချက်ချင်းလက်ခံခဲ့သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now