<ချစ်ရသူတွေဟာနောက်ဆုံးမှာချစ်ခြင်းအလင်း
ရောင်ကိုရှာတွေ့သင့်တယ်>ဒါက ကျန်းရီ တစ်သက်လုံး ဖုံးကွယ်ချင်ခဲ့တဲ့ အမှန်တရားလား?
ဝမ်ရွှမ် သက်ပြင်းချလိုက်သည်။ သူ၏ နတ်အာရုံသည် မှတ်ဥာဏ်အပိုင်းအစများကြားထဲတွင် လှည့်ပတ်နေဆဲပင်။ ကျန်းရီ၏ နှလုံးသားထဲမှ အနက်ရှိုင်းဆုံးနေရာတွင် တွယ်ကပ်နေသော မျှဝေစာနာခြင်းကပ်ပါးကို ထိလိုက်သည်။ သူထိလိုက်သည်နှင့် လူနှစ်ဦး၏ နှလုံးသားထဲတွင် တွယ်ကပ်နေသော မျှဝေစာနာခြင်းကပ်ပါး နှစ်ကောင်စလုံး သေဆုံးသွားသည်။
နှစ်ပေါင်းများစွာ အမြစ်တွယ်နေသော မျှဝေစာ
နာခြင်းကပ်ပါးကို ယနေ့တွင် ဖျက်ဆီးနိုင်ခဲ့ပြီ။ဤအခိုက်အတန့်တွင် ထူးဆန်းသော ခံစားချက်တစ်မျိုး ရိုက်ခတ်လာပြီး ကျန်းရီသည် ရုတ်ချ
ည်း ပြောင်းလဲသွားသော ခံစားချက်ကြောင့် ပုံရိ
ပ်ယောင်ထဲမှပြန်နိုးလာခဲ့သည်။ သူနှင့် ဝမ်ရွှမ့်အကြားမှ နောက်ဆုံးသော ဆက်နွယ်မှုလေးတစ်ခု အပြီးတိုင် ပျက်စီးသွားသလို ခံစားရသည်။ထို့ကြောင့် ကျန်းရီ အလွန်ထိတ်လန့်သွားပြီး မျက်
ဝန်းများကို ချက်ချင်း ပြန်ဖွင့်လိုက်သည်။ သူမြင်လိုက်ရသော မြင်ကွင်းမှာ ဝမ်ရွှမ်က သူ့ကို နီးကပ်လွန်းသော အကွာအဝေးတစ်ခုမှနေ၍ မမှိတ်မသု
န် စိုက်ကြည့်နေခြင်းပင်။ကျန်းရီသည် ပုံရိပ်ယောင်လောကနှင့် အပြင်လောကကို ချက်ချင်း မခွဲခြားနိုင်သေးသည်ဖြစ်ရာ မျက်ရည်စိုနေသော မျက်ဝန်းတစ်စုံဖြင့် တော
င့်တောင့်ကြီး ဆက်ထိုင်နေသေးသည်။ကျန်းရီကို ဝမ်ရွှမ် ပြုံးပြလိုက်သည်။
"ဒါက မင်းငါ့ကို ဖုံးကွယ်ထားတဲ့ အမှန်တရားလား"
ဤအပြုံးသည် ကျန်းရီကို ယစ်မူးမတတ်ဖြစ်သွားစေပြီး နောက်ဆုံးတွင် သူ့မျက်စိရှေ့မှ မြင်
ကွင်းဟာ ပုံရိပ်ယောင်မဟုတ်ဘဲ တကယ့်လက်
တွေ့ဖြစ်နေကြောင်းကို အတည်ပြုနိုင်သွားသည်။ သူတို့ ခွဲခွာခဲ့စဥ်တုန်းကနှင့် ယှဥ်ကြည့်လိုက်လျှင် ဝမ်ရွှမ့်အသွင်အပြင်ဟာ အများကြီး ပြောင်းလဲသွားခဲ့သည်။ ဝမ်ရွှမ့် မျက်လုံးများသည် အနက်မှ အပြာရောင်အဖြစ်သို့ ပြောင်းလဲသွားသည့်အပြင် အပြုံးထဲတွင် အဓိပ္ပါယ်ဖော်ရခက်သော အငွေ့အ
သက်များလည်း ရောယှက်နေသည်။

KAMU SEDANG MEMBACA
တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]
Pertualangan-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian I do not own any part of this novel. All credits go to ORIGINAL AUTHOR and ENGLISH TRANSLATOR 🙏 Pl...