အခန်း(၅၁)

1.2K 239 2
                                    

<လွန်ခဲ့သောအနှစ်ငါးဆယ်ကအဖြစ်အပျက်များ>

(warning :အရမ်းကြီးမဟုတ်ပေမယ့်ဖြစ်နိုင်ရင်တစ်ခုခုစားနေရင်းမဖတ်တာတော့ကောင်းပါမယ်လို့)

ဝမ်ရွှမ် ဆက်နေရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် တောင်ခြေမြို့လေးသို့ ပြန်ရောက်သည်နှင့် ကျင့်ကြံသူဆန်းသည် သူတို့တည်းခိုရန် နေ
ရာရှာပေး၏။

ဤကဲ့သို့ တောင်ခြေမြို့ငယ်လေးသည် ထင်
ရှားကျော်ကြားသော ကုန်သွယ်မြို့ကြီးများနှင့် နှိုင်းယှဥ်၍မရနိုင်။လာရောက်လည်ပတ်သူ ရှားပါးသည့်အတွက် တည်းခိုဆောင်လည်း မရှိပါချေ။သို့သော် ၎င်းက ပြသနာတစ်ခုတော့ မဟုတ်ခဲ့ပေ။ကျင့်ကြံသူဆန်းသည် မြို့ထဲ၌ မိသားစုတစ်စုရှာဖွေပြီး ငွေသုံး၍ အခန်းအ
ချို့ ငှားရမ်းခဲ့ရာ ထိုအိမ်တွင် သူတို့အတွက် နေစရာနေရာရခဲ့သည်။

ကျန်းရီ၏စိတ်အခြေအနေသည် အနည်းငယ်ထူးဆန်းနေ၏။ငှားရမ်းထားသောအိမ်သို့ ရောက်သည်နှင့် အခန်းတွင် အနားယူရန် ထွ
က်သွားခဲ့သည်။

ဝမ်ရွှမ်သည် ကျန်းရီကို သူနှင့်အတူ လိုက်ခဲ့ပေးရန် တောင်းဆိုချင်သော်လည်း ပါးစပ်ဟလိုက်သည်နှင့် လည်ချောင်းထဲတွင် တစ်ခုခုဖြင့် ပိတ်ဆို့ခံထားရသည့်နှယ် ဘာမှပြောမထွက်ခဲ့ပေ။ကျန်းရီကို လိုက်စေချင်သော်လ
ည်း ဤစုံစမ်းမှုက မျှော်လင့်မထားသော အမှ
န်တရားမျိုးကို ဖော်ထုတ်ပေးလိမ့်မည်ဟုလ
ည်း စိတ်ထင့်နေပြန်သည်။သို့ဖြစ်ရာ တစ်ဦးတည်း လှုပ်ရှားလိုက်ခြင်းက ပိုအဆင်ပြေပေမည်။အတန်ငယ်ကြာအောင် တွန့်ဆုတ်နေခဲ့သော်လည်း နောက်ဆုံးတွင် ခေါင်းခါ၍ သက်
ပြင်းချကာ တစ်ဦးတည်း ထွက်လာခဲ့တော့သ
ည်။

​မြို့လယ်ခေါင်သို့ ရောက်လာချိန်တွင် မြင်ကွ
င်းတစ်ဝိုက်က သူစရောက်စဥ်တုန်းကနှင့် သိ
ပ်မကွာ​သွားပေ။လမ်းပေါ်၌ ပြေးလွှားဆော့ကစားနေသော ကလေးတစ်သိုက်လည်း ရှိနေသေးသလို အပင်အောက်တွင် မှိန်းစက်အနား
ယူနေသော လူကြီးများလည်း ရှိသေး၏။

သူတို့အားလုံးသည် ယမန်နေ့တုန်းက လူအတိုင်းတော့ မဟုတ်ကြတော့ချေ။သို့သော် အ
လုပ်အကိုင်မရှိသော လူပျင်းပုံစံနှင့် သက်လ
တ်ပိုင်းအရွယ် ယောကျာ်းတစ်ယောက်ကိုမူ ယမန်နေ့တုန်းကအတိုင်း တစ်နေရာတည်းတွ
င် ပြန်တွေ့လိုက်ရသည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now