အခန်း(၃၆)

1.5K 303 2
                                    

                 <ဖြတ်သွားဖြတ်လာ>

"ချင်နျန်ကျစ်အကြောင်းကိုပြောရမယ်ဆိုရင်
သူမကဒီကျို့ဖုန်းမြို့ထဲမှာကြမ္မာနတ်ကိုပထ
မဆုံးယုံကြည်သက်ဝင်တဲ့သူပဲ"

ကျိုးကဆက်ပြောပြလေသည်။

"မြေပိုင်ရှင်လီနဲ့အိမ်ထောင်ကျခါစလွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်တုန်းကပေါ့ သူမက ရင်သွေးတစ်ယောက်မှမွေးမပေးနိုင်ခဲ့ဘူးလေ ဒါပေမယ့်လွန်ခဲ့တဲ့နှစ်နှစ်လောက်ကပဲ ကြမ္မာနတ်ရဲ့ယုံကြည်သက်ဝင်မှုကိုပေါင်းစည်းပေးခဲ့တော့သူမရဲ့ဗိုက်ထဲမှာလှုပ်ရှားမှုတချို့ရှိလာခဲ့တယ်"

တစ်နည်းဆိုရသော် ဤနောက်ကွယ်တွင် ချင်နျန်ကျစ်ကသာ ကြမ္မာနတ်ကို စိတ်နှလုံးသားဖြင့်ပေးအပ်မြှုပ်နှံ၍ ယုံကြည်အသက်ဝင်ဆုံးသူဖြစ်လေရာ ထိုမှတဆင့် ကျို့ဖုန်းတစ်မြို့လုံးကို ဝါဒဖြန့်ခဲ့သူဖြစ်ပေလိမ့်မည်။

"အစ်ကိုကြီးကျန်းတောင်မှသူမနဲ့အရင်ကသ
ဘောထားကွဲလွဲတာတွေအများကြီးဖြစ်ခဲ့ပေမယ့်ယွင်လင်ဆေးဆိုင်အလယ်မှာတင်ထားဖို့ကြမ္မာနတ်ကိုတောင်းခဲ့သေးတယ် ကံမကော
င်းစွာနဲ့ပဲသူ့ကိုသေခြင်းတရားကနေလွတ်
မြောက်အောင်တော့မကယ်နိုင်ခဲ့ဘူးပေါ့လေ တခြားလူတွေပြောကြတာတော့ကျန်းရီရဲ့ကို
ယ်ပေါ်ကမကောင်းတဲ့အငွေ့အသက်တွေကများလွန်းလို့ကြမ္မာနတ်တောင်မထိန်းချုပ်နိုင်ခဲ့ဘူးတဲ့"

ကျိုးကသက်ပြင်းရှည်ကြီးချ၏။ဝမ်ရွှမ်သည်လည်း တိတ်တဆိတ်တွေးတောရင်း ငြိမ်ကျသွားခဲ့သည်။

ချင်နျန်ကျစ်ကတစ်မြို့လုံးကိုထက်ထက်သန်သန်ဟောပြော၍ ဝါဒဖြန့်လျှင်တောင် ဤမြို့ခံအားလုံးထံမှ ယုံကြည်သက်ဝင်မှုကို အချိန်နှစ်နှစ်မျှဖြင့်ရရှိရန်မှာ မည်သို့မှမဖြစ်နိုင်ပေ။

ကြမ္မာနတ်ဘုရားအကြောင်းကို ကျို့ဖုန်းတစ်မြို့လုံးထံ ဤမျှလောက်ကျယ်ပြန့်စွာ ဖြန့်ကျ
က်နိုင်ခြင်းမှာ ထူးဆန်းသောအဖျားရောဂါနှင့်တိုက်ဆိုင်သွားခြင်းကြောင့်သာဖြစ်သည်။

ထို့နောက် ဝမ်ရွှမ်မေးမြန်းလိုက်၏။

"ယွင်လင်ဆေးဆိုင်အလယ်မှာထားထားတဲ့ကြမ္မာနတ်ကထူးဆန်းတဲ့အဖျားရောဂါဖြစ်ပြီးမှလား မဖြစ်ခင်ကတည်းကလား?"

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now