အခန်း(၂)

4.4K 701 6
                                    

<ဟိုးတုန်းကအံ့အားင့်ဖို့ကောင်းပေယ့်
အခုတော့ပြန်လှည့်ကြည့်ဖို့မလွယ်တော့ဘူး>

ဤမေးမြန်းသံကို ကြားရသောအခါ လော့ချင်း
ချွမ်သည် လက်ထဲတွင် ကိုင်ထားသော တန်ဖိုး
ကြီး ခေါက်ယပ်တောင်ကောင်းတစ်လက်ကို
အားဖြင့် တင်းကျပ်စွာ ဖိညှစ်ပြီး ပွတ်ကြိတ်သံကဲ့သို့ ဆူညံသံမျိုး ထွက်ပေါ်လာစေသည်။

"ဂိုဏ်းတူအစ်ကိုဝမ် အစ်ကိုကပဲ ဒီကိစ္စမှာ အရ
မ်း ဝင်စွက်ဖက်နေတာ မဟုတ်ဘူးလား။ကျွန်
တော် ပြောချင်တဲ့ စကားကို စိတ်ကြိုက်ပြောခွင့်
ရှိတယ်ဗျာ။စည်းမျဥ်းစည်းကမ်းတွေ ဒါမှမဟုတ် တစ်ခုခု ရှိတယ်လို့တော့ ကျွန်တော့်ကို လာမပြောနဲ့နော်"

"အဲ့တာအဓိကပဲ "

ဝမ်ရွှမ်က အေးစက်စွာ ပြန်ဖြေသည်။

"မင်း စကားပြောတဲ့ အချိန်နဲ့ လုပ်သမျှ ကိစ္စတိုင်းမှာ မင်းက မင်းအတွက်ကိုပဲ သုံးသပ်တယ်..ဂိုဏ်းကို ထိခိုက်လာစေမယ့် ဆိုးကျိုးမျိုးကို မင်း ဘယ်
တော့မှ မသုံးသပ်ဘူး ဟုတ်တယ်မဟုတ်လား"

"ခင်ဗျား....."

အကယ်၍များ အနှီယပ်တောင်လေးသည် အရ
ည်အသွေးမြင့် အမျိုးအစားထဲမှ မဟုတ်ခဲ့လျှင် လော့ချင်းချွမ်ကြောင့် ထက်ပိုင်းကျိုးသွားမည်
မှာ အသေအချာပင်။

" အဲ့ဒီတော့ ဘာဖြစ်လဲ.. ခင်ဗျား ကျွန်တော့်ကို
ရှုံးသွားတာပဲလေ"

လော့ချင်းချွမ်သည် ယပ်တောင်ကို ဗျတ်ကနဲ မြ
ည်အောင် ဆောင့်ဖွင့်ပြီး ထိုာပ်တောင်ဖြင့် ဝမ်ရွှမ်
ကို ထိုးညွှန်သည်။

"ခင်ဗျားမှာ ကျွန်တော့်ကို ဝေဖန်ပိုင်ခွင့်ရှိလို့လား..ဒီရလဒ်ကို ခင်ဗျား မကျေနပ်ဘူးရင် ကျွန်
တော်တို့ နောက်တစ်ကြိမ် ထပ်ပြိုင်လို့ရတယ် "

ဝမ်ရွှမ် ခေါင်းခါပြလိုက်သည်။

လက်ရှိအချိန်တွင် လော့ချင်းချွမ်သည် ဒေါသစိတ်မွှန်နေခြင်းကြောင့် ဘာကိုမှ မမြင်နိုင်တော့ချေ။ ​လော့ချင်းချွမ်သာ သည်အတိုင်း ဆက်သွားနေပါက သိက္ခာပိုကျရုံသာ အဖတ်တင်လိမ့်မည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now