အခန်း(၁၄)

2.2K 469 17
                                    

<တံခွန်တိမ်တိုက်ဂိုဏ်းရဲ့ဝမ်ရွှမ်ကထူးခြား
စွမ်းရည်ပိုင်ရှင်ဆိုတဲ့စကားလုံးကိုဘယ်တုန်း
ကမှလစ်ဟာခဲ့ဖူးဘူး>

"ဘာကိုနောက်ဆုံးတော့နားလည်လာရမှာ
လဲ?"

ကျန်းရီရေရွတ်လိုက်သောစကားများကိုဆန်း
ဟူသောတပည့်ကအနည်းငယ်ကြားသွားပြီး
ရုတ်တရက်ဝင်ပြောလာခဲ့၏။

ကျန်းရီလှောင်ပြောင်ရယ်မောလိုက်သည်။မူလကပြန်ဖြေရန်အစီအစဥ်မရှိခဲ့သော်လည်း
နောက်ဆုံးတွင်တော့အသံကိုမြှင့်ကာစကားကိုအဆုံးသတ်လိုက်၏။

"မင်းတို့ထဲကတစ်ယောက်ကမှသူဂရုစိုက်ပေး
တာတွေနဲ့မထိုက်တန်ဘူးဆိုတာနောက်ဆုံးတော့သူသိလာလိမ့်မယ်"

"မင်းအဲ့တာဘာစကားပြောတာလဲ?"

ဆန်းဟူသောတပည့်မှာအချိန်ခဏကြာအောင်ငြိမ်သက်သွားခဲ့သည်။ထိုစကား၏ဆို
လိုရင်းကိုတစ်ဖြည်းဖြည်းနားလည်လာသော
အခါမပျော်မရွှင်ဖြစ်သွားပြီး

"ငါရဲ့ကျင့်ကြံခြင်းအဆင့်ကနိမ့်နေသေးတယ်
ဆိုရင်တောင်ငါကဆရာတူအစ်ကိုဝမ်ကိုလုံး
လုံးလျားလျားအမြဲချစ်ခင်ပြီးသစ္စာတရားကို
မြှပ်နှံထားခဲ့တာ ဘာလို့ငါကမထိုက်တန်ရမှာ
လဲ?"

ကျန်းရီကသူ၏အကြည့်ကိုမြှင့်ကာထိုတပည့်
အားစူးစိုက်ကြည့်လိုက်၏။

ဆန်းဟူသောတပည့်သည်ချက်ချင်းဆိုသလို
တုန်ယင်သွားပြီးထောင့်တစ်နေရာသို့အလျင်
အမြန်ပြန်ဆုတ်လိုက်လေသည်။

"ငါဘာမှမပြောဘူး ငါဘာမှမပြောဘူး ငါဘာမှမပြောဘူး!"

"မင်းကသူ့အတွက်သစ္စာတရားကိုမြှပ်နှံထားပြီးပြီလို့မင်းကိုယ်မင်းထင်နေတာလား?"

ကျန်းရီကအကြည့်အားပြန်ရုတ်သိမ်းလိုက်ပြီးမျက်မှောင်ကြုံ့ကာလေသံခပ်တိုးတိုးဖြင့်
ဆက်ပြောလိုက်၏။

"မင်းသာသူ့အပေါ်တကယ်သစ္စာတရားထားခဲ့
တယ်ဆိုရင်တော့...ငါမင်းကိုနည်းနည်းလေး
လောက်အထင်ကြီးမိမှာပဲ"

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now