အခန်း(၇၇)(၁)

944 144 6
                                    

<အမှန်တရား၊နှောင်ကြိုး၊ ပြန်လည်မွေးဖွားခြင်း>

ဝမ်ရွှမ်သည် သူ့အရှေ့မှ ပုဂ္ဂိုလ်ဟာ တောင်ကြားလောကသခင်ဖြစ်နေကြောင်း သိလိုက်ရသည်နှင့် ချက်ချင်း အလေးအနက် အရိုအသေပေးလိုက်သည်။သို့ရာတွင် နတ်မိစ္ဆာခန္ဓာကိုယ်နှင့်ဖြစ်နေ၍ အတန်ငယ် ကိုးရို့ကားယားဖြစ်သွားရသည်။

"ရပါတယ်"

တောင်ကြားလောကသခင်က ခပ်ပြုံးပြုံးလေး ပြောလာသည်။

"အဓိကအကြောင်းအရာကိုပဲ ဆက်ပြောကြရ
အောင်။အဲ့ဒီအချိန်တုန်းက ယဲ့ရှန်းကောက မင်းကို သူ့ရဲ့တပည့်အနေနဲ့ လက်ခံတော့မလို့ ဒါပေ
မဲ့....ထားပါလေ ဘယ်လိုပဲဖြစ်ဖြစ် ကံအကြောင်း
ပါသလောက် ဆုံခဲ့ရတာပဲ။မင်း အကူအညီလိုအ
ပ်တာရှိရင် အချိန်မရွေး ငါ့ကိုလာရှာလို့ရပါတယ်"

ထို့နောက်က သူက ဝမ်ရွှမ့်အနားမှ လှည့်ထွက်သွားသည်။

တောင်ကြားလောကသခင်တွင် ပုံသဏ္ဍာန်အစစ်
အမှန်မရှိခြင်းကြောင့် လမ်းလျှောက်ရာဝယ် မြူ
ခိုးငွေ့များမျောလွင့်နေသလိုသာမြင်ရသည်။

ထို့နောက် ဝမ်ရွှမ်လည်း ယဲ့ရှန်းကော၏ အုတ်ဂူရှေ့မှထွက်လာပြီး ပုန်းအောင်းရန် နေရာတစ်ခုရှာဖွေခဲ့သည်။တောင်ကြားလောကငယ်တွင် နေ
ထိုင်သူများက သူ့ကို အန္တရာယ်မပြုကြသော်လ
ည်း လူမြင်ကွင်းတွင် သွားလာလှုပ်ရှားရခြင်းကို အသားမကျသေးပေ။တစ်စုံတစ်ယောက်က သူ့ကို အမှတ်တမဲ့ ကြည့်လာတိုင်း ကြောက်ရွံ့သွားရသည်။ထို့ကြောင့် ဝမ်ရွှမ်သည် အရိပ်များကြားထဲတွင် ကိုယ့်ကိုယ်ကို ဖုံးကွယ်ပြီး ပုန်းအောင်းခဲ့သ
ည်။

နောက်ဆုံးတွင် ယဲ့ချင် ကြိုးကြိုးစားစား လိုက်ရှာပြီးကာမှ ဝမ်ရွှမ့်ကို ပြန်ရှာတွေ့ခဲ့သည်။သူမသည် ဝမ်ရွှမ့်အမူအကျင့်ကို အံ့သြသွားရပြီး မရွှင်မပျလေသံဖြင့် မေးလာသည်။

"ဦးဦးကနေရောင်ကိုကြောက်လို့လား?"

ယဲ့ချင်ကို ဝမ်ရွှမ် ခေါင်းခါပြလိုက်သည်။ သို့ရာ
တွင် သူ့နှလုံးသားထဲ၌ ခါးသက်စွာ ရယ်မောခဲ့သ
ည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now