အခန်း(၁၈)

1.9K 445 15
                                    

                     <မင်းရွေးချယ်ပါ>

....ဘယ်သူကမင်းကိုယွမ်စုစည်းခြင်းအဆင့်ထိတက်ခွင့်ပေးလိုက်တာလဲ?

ဝမ်ရွှမ်ဒီမေးခွန်းကိုကြားလိုက်ရချိန်မှာ120%
လောက်အံ့သြပြီးစိတ်ရှုပ်သွားတယ်။ဒါကဘာကိုဆိုလိုတာလဲ?ကျင့်ကြံသူတစ်ယောက်
ကအကောင်းဆုံးကြိုးစားပြီးကျင့်ကြံခြင်းအ
ဆင့်တွေကြားကနယ်နိမိတ်ကိုကျော်ဖြတ်နိုင်
ခဲ့တယ်ဆိုတာမျှော်လင့်ထားတဲ့အတိုင်းပဲမ
ဟုတ်ဘူးလား?ကိုယ့်ရဲ့တပည့်ကိုဒီလိုမေးခွန်း
မျိုးမေးတဲ့ဆရာသခင်တစ်ယောက်ဒီလောက
မှာရှိတယ်ဆိုတာယုံဖို့တောင်ခက်တယ်။

သို့သော်ချူလျန်ကတော့စိတ်မရှည်မှုဖြင့်မျက်မှောင်ကြုံ့ထားပြီးနာကျင်မှုကိုဖြစ်စေနိုင်သောခွန်အားဖြင့်ဝမ်ရွှမ့်လက်ကောက်ဝတ်
ကိုဆုပ်ကိုင်ထားဆဲပင်။ဝိဥာဥ်စွမ်းအားတစ်
မျှင်ကိုဝမ်ရွှမ့်လက်ကောက်ဝတ်မှတစ်ဆင့်စေ
လွှတ်လိုက်ပြီးထိုစွမ်းအားကဝမ်ရွှမ့်အရေး
ကြီးစွမ်းအင်များစီးဆင်းနေသောခန္ဓာကိုယ်
လမ်းကြောင်းထဲတွင်ပြင်းပြင်းထန်ထန်နစ်
မြုပ်သွားခဲ့သည်။

"ဒါက......"

ချူလျန်တွေ့ရှိသောတစ်စုံတစ်ရာကပို၍ပင်
မျက်မှောင်ကြုံ့သွားစေခဲ့သည်။ဝမ်ရွှမ့်ခန္ဓာ
ကိုယ်လမ်းကြောင်းထဲမြှုပ်နှံခံရသောဝိဥာဥ်
စွမ်းအားသည်လည်းကြမ်းတမ်းစွာဗြောင်း
ဆန်လာခဲ့သည်။

ထိုအချိန်တွင်ချူလျန်ကဝမ်ရွှမ့်ကိုယခုထက်ပိုနိမ့်သောကျင့်ကြံခြင်းအဆင့်သို့အမှန်တ
ကယ်ပြန်ရိုက်ချတော့မည့်ပုံစံဖြစ်နေခဲ့သည်။

"မဟုတ်ဘူး! "

ဝမ်ရွှမ်ကထိုအရာကိုခံစားမိသွားပြီးပြင်းပြင်း
ထန်ထန်ကြိုးစားရုန်းကန်လိုက်သည်။

"ဆရာ ဒီလိုမလုပ်ပါနဲ့!"

ချူလျန်ကတော့အလွန်တင်းကျပ်စွာဆုပ်
ကိုင်ထားဆဲဖြစ်၏။ဝမ်ရွှမ်အထိတ်တလန့်ဖြစ်သွားပြီးချူလျန့်ကိုအမှန်တကယ်လက်
ဖြင့်ပြန်ရွယ်လိုက်မိသည်။

နောက်ဆုံးတွင်တော့ချူလျန်ကဝမ်ရွှမ့်လက်ကိုလွတ်ပေးလိုက်၏။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now