အခန်း(၅၂)

1.1K 215 1
                                    

<မိစ္ဆာသန္ဓေသား>

ဤမေးခွန်းသည် ပြသနာ၏ အထွဋ်အထိပ်သို့ မီးစာ တင်ပေးလိုက်ပုံရသည်။အဘိုးအို၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားတော့သ
ည်။

"ငါမသိဘူး....မင်း ဘာပြောနေမှန်း ငါမသိဘူး!"

မူလက တည်ငြိမ်နေသော စိတ်အခြေအနေသည် နောက်တစ်ဖန် နှိုးဆွခံလိုက်ရသည့်နှယ် တုန်လှုပ်လာပြန်သည်။သူသည် စားပွဲပေါ်တွင် ဝမ်ရွှမ် တင်ပေးထားသော ငွေစများကိုပင် မယူတော့ဘဲ ခပ်မြန်မြန် လှည့်ထွက်သွားခဲ့သည်။

"ငါ ဘာမှမသိဘူး!"

"အိုင်းယား!အဘိုးကြီးကျောက်ရယ် ခဏစောင့်ပါအုံးဗျာ!"

လမ်းညွှန်လာသော သက်လတ်ပိုင်းအရွယ် ယောကျာ်းသည် အဘိုးအိုကို အလျင်စလို လှ
မ်းတားပေးသည်။

"စောနလေးတင် အကောင်းကြီးပြောနေပြီးတော့ အခုကျ ဘာဖြစ်ရပြန်တာလဲ?ကြည့်စ
မ်းပါအုံးဗျာ အဲ့ဒီကျင့်ကြံသူရဲ့ ငွေတွေက....."

"ငါဘာမှမသိဘူးလို့!"

အဘိုးအိုသည် နည်းနည်းလေးမှတောင် ရပ်မသွားဘဲ ကြမ်းကြမ်းတမ်းတမ်း တွန်းထုတ်၍ ထွက်သွားခဲ့သည်။

သို့သော် ဝမ်ရွှမ်သည် ခြေလှမ်းလိုက်သည်နှင့် အဘိုးအိုရှေ့၌ ပိတ်ရပ်ပြီးသား ဖြစ်သွားတော့သည်။

"ခင်ဗျား သိပါတယ်။ဟုတ်တယ်မို့လား?"

အဘိုးအို၏ အမူအယာက ပြောင်းလဲသွားပြန်
လေသည်။သူသည် ဝမ်ရွှမ့်ကိုလည်း မတွန်းထုတ်ရဲသလို ဆက်ပြောချင်စိတ်လည်း မရှိချေ။သို့ဖြစ်ရာ နောက်ပြန်ဆုတ်ပြီး အခန်းထဲကိုသာ ပြန်ဝငသွားတော့သည်။ဝမ်ရွှမ်နှင့် သ
က်လတ်ပိုင်းအရွယ် ယောကျာ်းတို့သည် ဧည့်ခန်းထဲတွင် ကျန်ရစ်ခဲ့သော်လည်း သူ့နောက်
သို့ ဆက်မလိုက်ကြတော့ပေ။အဘိုးအိုသည်
တံခါးကို လုံနေအောင် ပိတ်ထားပြီး သူတို့နှင့်
စကားဆက်ပြောရန် ငြင်းဆန်ခဲ့သည်။

ဤတစ်ကြိမ်တွင်၊ဝမ်ရွှမ် သူ့ကို မတားမိပေ။လုံနေအောင် ပိတ်ထားသော တံခါးကိုသာ တိ
တ်တဆိတ် ငေးကြည့်နေမိသည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now