အခန်း(၅၅)

1.1K 225 7
                                    

                   <မျက်နှာချင်းဆိုင်>

ချူလျန် မည်မျှပင် မကျေမနပ် ဖြစ်နေပါစေ ယဲ့ရှန်းကောကမူ တပည့် လက်ခံမည့် ကြီး
ကျယ်ခမ်းနားလှသော အစီအစဥ်ကို အပြီး
သတ်နေလေပြီ။ထို့နောက် သူတို့နှစ်ဦးသည် ကောင်းကင်ဘုံနတ်မိစ္ဆာ၏ ဦးချိုကို အတူတ
ကွ ချိတ်ပိတ်ပြီး နောင်နှစ်နှစ်ခန့် အကြာတွင် ပြန်လာမည်ဖြစ်ကြောင်း ကတိစကား တစ်ခွ
န်း ချန်ရစ်လျက် မြို့ငယ်လေးမှ ထွက်ခွာသွားခဲ့ကြသည်။

နွေဦး ကုန်ဆုံး၍ ဆောင်းဦးရာသီသို့ တစ်ဖန် စက်ဝန်းလည်လာချေပြီ။ဆွံ့အနေသော အ
မျိုးသမီးသည် ကလေးငယ်ကို ရင်ခွင်ထဲတွင် ပွေ့ပိုက်လျက် တစ်ချိန်လုံး တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

ဝမ်ရွှမ်သည် သူမ သေဆုံးသည့်နေ့အထိ ထိုင်စောင့်နေရှာသော ရုပ်သွင်ကို ငြိမ်သက်စွာ ကြည့်ရှုခဲ့သည်။ရက်ပေါင်း မည်မျှ ကြာသွား
သည်ကို သူ မသိသော်လည်း ယဲ့ရှန်းကောကို နောက်တစ်ကြိမ် ဘယ်သောအခါမှ ထပ်မတွေ့ရတော့ပေ။

နှင်းကျနေသော ဝန်းကျင်တွင် ဝမ်ရွှမ် မျက်
ဝန်းများကို ပြန်ဖွင့်လိုက်သည်။ကျန်းရီက ဝမ်
ရွှမ့် လက်ဖဝါးကို ဖိညှစ်ရင်းဖြင့်။

"ရှစ်ရှုန်း"

ဝမ်ရွှမ်သည် ပုံရိပ်ယောင်ထဲတွင် နစ်မြောနေသည့်နှယ် ချက်ချင်း ပြန်မဖြေနိုင်ခဲ့ချေ။ခဏအကြာတွင်မှ လက်ရှိ ကမ္ဘာသို့ တဖြည်းဖြည်း ပြန်အသိဝင်လာခဲ့သည်။ထို့နောက် မျက်
တောင်များကို ပုတ်ခတ်လျက် တိုးဖျော့စွာ ဆိုလေ၏။

"ဒီလိုတွေ ဖြစ်ခဲ့တာကိုး"

ယဲ့ရှန်းကောဟာ ထိုနှစ်နှစ်အတွင်း လွန်ခဲ့
သော အနှစ်ငါးဆယ်ခန့်က သေဆုံးသွားခြင်းကြောင့် ပြန်မလာနိုင်ခဲ့ခြင်းဖြစ်သည်။

ဤအတိတ် အပိုင်းအစက ဝမ်ရွှမ့်ကို အများကြီး နားလည်သဘောပေါက်စေခဲ့သည်။

နတ်မိစ္ဆာသွေး နှောနေသော ကလေးတစ်ယောက်က နောက်ဆုံးတွင် တံခွန်တိမ်တိုက်ဂို
ဏ်း၏ တပည့် ဖြစ်လာရခြင်း၊ချူလျန်က သူ့ကို သိသိသာသာ မုန်းတီးနေသော်လည်း တစ်ဦးတည်းသော တပည့်အဖြစ် လက်ခံထားခြ
င်း၊သူ့ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ဦး ချန်ရစ်ခဲ့သော စိတ်ဝိဥာဥ် အပိုင်းအစ အချို့နှင့် သူ့တွင် နတ်မိစ္ဆာစွမ်းအင် မရှိသော်လည်း နတ်
မိစ္ဆာသွေးနှောနေခြင်း စသဖြင့် မေးခွန်းပေါင်းများစွာ၏ အဖြေကို အတိတ်ထဲတွင် ရှာတွေ့ခဲ့သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now