အခန်း(၂၃)

1.9K 422 4
                                    

                 <သုတ်သင်ရေးတိုက်ပွဲ>

ချက်ချင်းပင်ဒိုင်းကိုင်ထားသောပြိုင်ဘက်သည်တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းများထ
သွားပြီးရေခဲနှင့်ဆီးနှင်းကမ္ဘာထဲသို့ရောက်
သွားသလိုခံစားလိုက်ရ၏။သူ့သွေးများပင်
အေးခဲသွားသယောင်။

စက္ကန့်ပိုင်းအတွင်းကြမ်းပြင်ပေါ်သို့တစ်စုံတစ်
ခုထိမှန်သံကြားလိုက်ရသည်။ထို့နောက်သူ့
မျက်စိရှေ့မှမြင်ကွင်းကလင်းထိန်လာ၏။မျက်စိတစ်မှိတ်အတွင်းမှာပင်မြူခိုးများဝန်းရံ
ထားသောနေရာမှသူရုတ်တရက်ပျောက်ကွ
ယ်သွားပြီးပြန်မြင်ရသည့်အချိန်တွင်တော့
သူသည်စင်မြင့်အပြင်သို့တွန်းပို့ခံထားရပြီး
ဖြစ်လေသည်။

ပတ်ဝန်းကျင်တစ်ခွင်လုံးဆူညံသံများဖြင့်
ပြည့်နှက်သွားရသည်။ကြည့်ရှုသူအများအ
ပြားသည်သူတို့ရှေ့မှမြင်ကွင်းကြောင့်အံ့အား
သင့်သွားကြသည်။

"ဘာတွေဖြစ်နေတာလဲ သူရုတ်တရက်ကြီး
အပြင်ဘယ်လိုထွက်လာတာလဲ မြူခိုးထဲမှာ
ဘာတွေဖြစ်ခဲ့လို့လဲ?"

"ဘယ်သူကသိမှာလဲ ဘာပဲဖြစ်ဖြစ်သူအပြင်
ထွက်လာပြီ အဲ့တာကရှုံးတာပဲလေ"

ဤဆွေးနွှေးသံကိုဒိုင်းကိုင်ထားသောပြိုင်
ဘက်ကြားချိန်၌သူ့တစ်ကိုယ်လုံးချွေးစေးများဖြင့်စိုစွတ်နေကြောင်းသတိပြုမိလိုက်၏။

သူဘာလို့ရုတ်တရက်ကြီးအပြင်ပို့ခံလိုက်ရ
တာလဲ?

ဤအရာသည်စင်ပေါ်မှအလိုအလျောက်ကာ
ကွယ်ရေးဆောင်ရွက်ချက်၏အသက်သွင်းမှု
ကြောင့်ပင်။တစ်စုံတစ်ယောက်ထံမှပြင်းထန်
သောထိုးနှက်ချက်ကိုမခံရမီတပည့်ဖြစ်သူ၏
အသက်ကိုကာကွယ်ရန်စင်မြင့်ပေါ်မှအတင်း
အဓမ္မတွန်းထုတ်ခြင်းခံရပေမည်။တစ်နည်းဆိုရသော်ဤပြိုင်ပွဲသည်နှစ်ဦးချင်းတိုက်ပွဲမ
ဟုတ်ဘဲအခြားနေရာသာဆိုလျှင်သူသေချာ
ပေါက်သေနှင့်ပြီးဖြစ်လိမ့်မည်။

ဤအချိန်တွင် စင်မြင့်ပေါ်မှကျန်းရီကမြူခိုး
များကိုပြန်ဆင့်ခေါ်ပြီးစင်မြင့်၏မြင်ကွင်းတ
စ်ခုလုံးကိုပြသလိုက်သည်။ကျန်းရီကစင်မြင့်
ဗဟိုတွင်အသေအချာရပ်နေပြီးဝါးပုလွလေး
ကတော့ထောင့်တစ်နေရာတွင်လဲလျောင်း၍
ဟိုဘက် သည်ဘက်ယိုင်ထိုးနေ၏။စွမ်းအား
ကြောင့်မြေကြီးပေါ်တွင်အနည်းငယ်လှုပ်နေ
ဆဲပင်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now