အခန်း(၄၅)

1.3K 264 11
                                    

<အသန့်စင်ဆုံးသော ရေရင်းမြစ်ကြောကို ရှာဖွေခြင်း>

မုရုံဖုန်းသည် အရိုအသေပေးပြီးနောက် ဘာကိုမှ ဆက်မပြောတော့ဘဲ နေရာတွင်သာ ဒူးထောက်နေမြဲပင်။

"မုရုံရှန်းကျစ်"

ဝမ်ရွှမ် ခက်ခက်ခဲခဲ စကားတစ်ခွန်း ထုတ်ပြောလိုက်၏။

"မင်း...ထလို့ရပါပြီ"

မုရုံဖုန်းက သူ့ကို ခေါင်းမော့ကြည့်လာခဲ့သ
ည်။

"ဒီလို...ဒီလိုကိစ္စမျိုးက......"

ဝမ်ရွှမ် အံတင်းတင်းကြိတ်လိုက်ရာ ချွေးစေးများပင် သူ့နှဖူးပေါ်၌ စိုစွတ်လာခဲ့သည်။

"တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား?"

မုရုံဖုန်းက သက်ပြင်းချ၍ ခပ်ဖြည်းဖြည်း ထလာခဲ့သည်။

တကယ်တမ်းတော့ ဘဝနဲ့သာ ယှဥ်ကြည့်လို
က်ရင် ဒူးထောက်တာနဲ့ အရိုအသေပေး
တာလေးကို ဘာတွေများ အမှုထားနေရအုံး
မှာလဲ?

ကံမကောင်းစွာဖြင့် ဝမ်ရွှမ့်လို လူမျိုးကတော့ သူမ ယခုလို လုပ်ခဲ့တာတောင် လက်ခံလိုစိတ် မရှိဆဲ။

သို့ဖြစ်ရာ ပြန်ထရန် ငြင်းဆန်ပြီး တစ်သက်လုံး ဒူးထောက်နေခြင်းကတော့ ကောင်းသော သစ္စာရှိခြင်းမျိုး မဟုတ်ဘဲ အတင်းအဓမ္မ အ
ကျပ်ကိုင်သည့် သဘောမျိုး သက်ရောက်သွားပေလိမ့်မည်။သူမအနေနှင့် ထိုနည်းလမ်းမျိုး မသုံးချင်ပေ။

ဝမ်ရွှမ် သက်ပြင်းချလိုက်၏။မုရုံဖုန်းလည်း နဂိုနေရာတွင် ပြန်ထိုင်ပြီးမှ

"ကျွန်မတော့ဖြင့် တစ်ခါမှတောင် စိတ်ကူးမယဥ်ခဲ့မိဘူး။ဒီလောက် အတိုင်းအတာအထိ ရှောင်လို့ရမယ့် နေ့မျိုး ရှိလာလိမ့်မယ်လို့လေ"

ဝမ်ရွှမ့်နှဖူးပေါ်မှ ချွေးစေးများ ကျလာရတော့
သည်။သူ ဘာပြန်ပြောရမှန်းကို မသိတော့ချေ။ကောင်းသော အရာသည်ကား ဤစကားများဟာ လေးနက်သော အဓိပ်ပါယျမြိုး မပါဘဲ စနောက်ခြင်းသာ ဖြစ်နေခဲ့သည်။မုရုံဖုန်းက ဆက်ပြောလေ၏။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now