အခန်း(၁၃)

2.2K 475 10
                                    

                   <ရှာကာရည်>

ထိုစကားကို ကြားလိုက်ရစဥ်တွင် ဝမ်ရွှမ် အ
လွန် ဒေါသထွက်သွားပြီး ရယ်ယုံသာ တတ်
နိုင်လိုက်၏။အနှီ လော့ချင်းချွမ်မှာ မျက်လုံး
တစ်လုံးအတွက် မျက်လုံးတစ်လုံး ပြန်ပေးရ
မည်ဟူသကဲ့သို့ အသေးအဖွဲကိစ္စလေးကိုပင်
ကတ်သပ်တတ်သော လူစားမျိုးဖြစ်မှန်း သိပြီးသားဖြစ်သော်လည်း ယခုလောက်အထိသဘောထား သေးသိမ်လိမ့်မည်ဟု ဝမ်ရွှမ်ဘယ်တုန်းကမှ မထင်မိခဲ့ပေ။

ဝမ်ရွှမ့် စိတ်ရှုပ်ထွေးမှု၏ ပထမ အချက်မှာ
ထိုဆရာတူညီငယ်လေး မမျှမတ ဆက်ဆံခံရခြင်းနှင့် ဒုတိယ အချက်မှာ လော့ချင်းချွမ်အပေါ် စိတ်ပျက်မိခြင်းတို့ဖြစ်သည်။

"ဆရာတူညီလေးလော့ မင်းက ဒီလို ဘာမဟု
တ်တဲ့ ပြသနာလေးကို အပြင်ဆောင်တပည့်နဲ့
ငြင်းခုန်နေရမှကို ဖြစ်မှာလား?"

ဝမ်ရွှမ် မေးလိုက်သည်။

"သူ တစ်ယောက်ထဲဆိုရင်တော့ သေချာတာ
ပေါ့ ကျွန်တော် ငြင်းခုန်နေဖို့တောင် မတန်ဘူး။ဒါပေမယ့် အဲ့ဒီလို အဓိပ္ပါယ်မရှိတဲ့ စ
ကားတွေကို သူ လျှောက်ပြောနေအုံးမှာပဲ။ ကျွန်တော်သာ သူ့ကို မဆုံးမဘဲ ပြန်လွှတ်ပေး
လိုက်ရင် ကျွန်တော် အနိုင်ရခဲ့တာက မမျှတ
တဲ့ အခြေအနေကြောင့်ဆိုပြီး တစ်ဂိုဏ်းလုံး
ကို ပေးသိလိုက်ရင် အဲ့ဒီအချိန်ကျ ကျွန်တော်
က ဘာဖြစ်သွားမလဲ?"

လော့ချင်းချွမ်က သရော်သော လေသံဖြင့်ဆက်ပြောလာ၏။

"သူ့ဘက်ကနေ အသနားခံပေးချင်တယ်ဆိုရင်တော့ ဆရာတူအစ်ကို လုပ်ရမှာက ဂိုဏ်းတစ်ခုလုံးရဲ့ အရှေ့မှာ ကျွန်တော့်ကို ရှုံးခဲ့တ
ယ်ဆိုတာကို နက်နက်ရှိုင်းရှိုင်း လက်ခံပါတ
ယ်လို့ ဝန်ခံရုံပဲ။အဲ့ဒီလိုဆိုရင်တော့ သူ့ကို သ
က်ညှာပေးလိုက်ပါ့မယ်လေ"

နောက်ဆုံးတွင်ဝမ်ရွှမ်သဘောပေါက်သွားခဲ့
ရသည်။လော့ချင်းချွမ်မှာအပြင်ဆောင်
တပည့်နှင့်ငြင်းခုံနေခြင်းမဟုတ်ဘဲဝမ်ရွှမ့်ကို
ဦးတည်၍ရန်ထောင်နေခြင်းသာဖြစ်ချေသည်။

ဝမ်ရွှမ်သည် သက်ပြင်းချလျက် ခေါင်းခါရင်း
လူပုံအလယ်၌ ညပ်နေရှာသော အပြင်ဆောင်
တပည့်လေးကိုသာ ကြည့်လိုက်၏။ ထိုဆရာတူညီလေးမှာ ဤအခြေအနေကို ကြောက်ရွံ့နေပြီး တစ်ကိုယ်လုံး တုန်ယင်လျက်ရှိသည်။သို့သော်လည်း အံ့ကြိတ်ထား၍ ခေါင်းမာနေဆဲပင်။အရာအားလုံးကို ဝမ်ရွှမ် ဂရုစိုက်ပေးနိုင်သည်ဟု ယုံကြည်နေသကဲ့သို့ မျှော်လင့်ချက်အပြည့်ဖြင့် ဝမ်ရွှမ့်ကို ငေးကြည့်လာခဲ့သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now