<အနိုင်ရခြင်းမှဆုလာဘ်သုံးသွယ်>
ရွှင်မြူးမှုများနှင့်အားပေးချီးမြှောက်သံများ
အကြားဝမ်ရွှမ်အနည်းငယ်မျက်မှောင်ကြုံ့
လိုက်၏။"ဆရာတူအစ်ကိုဝမ် ဂုဏ်ယူပါတယ် "
ထိုအချိန်တွင် သူ့နံဘေးမှအသံတစ်သံထွက်
ပေါ်လာခဲ့သည်။အသံပိုင်ရှင်သည်ကျန်းရှော
င်ချင်းဖြစ်ပေသည်။ကျန်းရီနှင့်ဝမ်ရွှမ်တို့ရင်း
နှီးကြမှန်းသူမ သိသည့်အတွက်ဤဂုဏ်ပြု
စကားကိုပြောရန်ဝမ်ရွှမ်အနားသို့တိုးကပ်လာ
ခဲ့သည်။သူမ၏အနောက်တွင်ရှိသောဂိုဏ်း
ချုပ်ဦးလေး၏မကျေနပ်သောအကြည့်ကိုပင်
လုံးဝလျစ်လျူရှုခဲ့သည်။ဝမ်ရွှမ်သည်ဤဆရာတူညီမလေးကိုဖော်ရွေ
စွာပြုံးပြခဲ့ပြီး သူစကားပြန်ပြောတော့မည့်အ
ခိုက်အတန့်မှာပင် တုန်လှုပ်ခြောက်ခြားဖွယ်
ရာအော်ဟစ်သံကိုရုတ်တရက်ကြားလိုက်ရ
သည်။ဝမ်ရွှမ်လှည့်ကြည့်မိရာ ဒူးနှစ်ဖက်ညွတ်ကျလျက်စင်ပေါ်တွင်သတိလစ်သွားသောကျန်း
ရီကိုတွေ့လိုက်ရလေသည်။"မကောင်းတော့ဘူး!"
ကျန်းရှောင်ချင်းလည်းထိတ်လန့်တကြား
အော်ဟစ်လိုက်သည်။သူမ နောက်ပြန်လှည့်
ပြီးတစ်ခုခုပြောရန်ကြိုးစားလိုက်သော်လည်း
ဝမ်ရွှမ်ကတော့ထိုနေရာသို့အပြေးသွားခဲ့ပြီး
ဖြစ်သည်။ဤအခိုက်အတန့်လေး၌ ကျန်းရှောင်ချင်းသ
ည်အမှန်တကယ်ရှုံးနိမ့်သွားသူပမာခံစားလို
က်ရ၏။ပွဲကြည့်စင်ပေါ်မှခုန်ချရင်းဝမ်ရွှမ်သည်အသ
က်တစ်ချက်မျှရှုလောက်သောကာလအတွင်း
ကျန်းရီ၏နံဘေးသို့ရောက်သွားခဲ့သည်။ထိုအချိန်တွင် ကျန်းရီကမျက်လုံးများကိုခပ်
တင်းတင်းပိတ်ထားပြီးသူ့မျက်နှာသည်လည်း
စာရွက်ကဲ့သို့ဖြူဖျော့နေခဲ့သည်။သူ့တွင်အ
သိစိတ်အနည်းငယ်ရှိနေသေးသော်လည်းစွမ်း
အင်တော့လုံးဝမကျန်တော့ပေ။လူအုပ်ကြီးသည်ကျန်းရီအလွန်ပင်ပန်းခြင်း
ကြောင့် ထိုသို့ဖြစ်သွားသည်ဟုသာတွေးမိကြ
ပြီး ဝမ်ရွှမ်တစ်ဦးတည်းကသာကျန်းရီ၌'ကော
င်းကင်ဘုံ၏အလိုတော်' ကိုဖတ်ရှုနိုင်သောစွ
မ်းရည်နှင့်ထိုစွမ်းရည်ကိုအသုံးချပြီးသည့်
နှင့်ကျန်းရီတစ်ယောက်မည်သို့မည်ပုံဖြစ်သွားတတ်ကြောင်းသိ၏။

ESTÁS LEYENDO
တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]
Aventura-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian I do not own any part of this novel. All credits go to ORIGINAL AUTHOR and ENGLISH TRANSLATOR 🙏 Pl...