အခန်း(၄၃)

1.3K 265 4
                                    

      <လက်ခံမလား....ငြင်းဆန်မလား?>

ဤလောကကြီးထဲတွင် ကျန်းရီ၌ အားသာချက်တစ်ခုတော့ အမြဲတမ်း ရှိတတ်သည်။ထိုအားသာချက်ကို ရှေ့ရေးကို ကြိုတွက်ဆနိုင်သော အမြော်အမြင်ဟု ယူဆနိုင်သည်။မူရင်းဝတ္ထုကို ဖတ်ခဲ့သည့်အတွက် ဇာတ်လမ်း၊ဇာ
တ်ကွက်များနှင့် အခြားလူများ မသိနိုင်သော အချက်အလက်များစွာကိုလည်း သိထားသေးသည်။

ယုံမှားဖွယ်မရှိသော ရှုထောင့်တစ်ခုမှ ကြည့်လျှင်သူသည် 'ကောင်းကင်ဘုံ၏အလိုတော်'ကို ဆုပ်ကိုင်ထားသူလည်း ဖြစ်နေပြ
န်သည်။ထိုလုံးဝန်းသော ကျောက်စိမ်းမှော်လက်နက်သည် 'ကောင်းကင်ဘုံ၏အလိုတော်'ကို နားလည်နိုင်မှုအား ပိုမြင့်သော အ
ခြေအနေသို့ ရောက်သည်အထိ မြှင့်တင်ပေးနိုင်သည်။

ဤနည်းအားဖြင့် မူရင်းဝတ္ထုထဲတွင် မဖြစ်ပေါ်ခဲ့သော အခြေအနေများနှင့် ကြုံရတိုင်း တိကျသော အဖိုးအခဖြင့် လျှင်မြန်စွာ ပုံဖော်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ရှေ့ရေးကို ကြိုတွက်ဆနိုင်သော အမြင်တွင်လည်း အကန့်အသတ်တော့ ရှိပါ
၏။မူရင်းဝတ္ထုအပေါ် နားလည်နိုင်စွမ်းက ဒီကမ္ဘာပေါ်ရှိ အရာအားလုံးကို ချုပ်ထိန်းနိုင်စွမ်းရှိသည်ဟု မဆိုလိုပေ။ဖြစ်ပျက်လာနိုင်သော အခြေအနေတစ်ခုကို လျှင်မြန်စွာ ပုံဖော်နိုင်သော ထိုစွမ်းရည်သည် အတော်လေးကို တုနှိုင်းမဲ့သော်လည်း ၎င်းကို အချိန်တိုင်း အဆက်မပြတ် အသုံးပြု၍တော့ မရချေ။

သို့ဖြစ်ရာ ဤအခိုက်အတန့်တွင် သူ့ရှေ့မှ အ
ခြေအနေနှင့် ရင်ဆိုင်ရသောအခါ ကျန်းရီ၏ အမြင်အာရုံ အလုံးစုံသည် အသုံးမဝင်တော့ပေ။

သူသည် ရေခဲအတိလွှမ်းသော တောင်ပေါ်တွင် ကိုယ်ဗလာဖြင့် ရပ်နေသူနှယ် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လျက် ရိုတ်ခတ်လာသော ဆီးနှင်းများအကြား နစ်မွန်းရှုံးနိမ့်သွားသူပမာ။

တွေးရမည်ကိုတောင် မေ့သွားပြီး သူ့ရှေ့မှ အမျိုးသမီးက ဝမ်ရွှမ့်လက်ကို ကိုင်၍ ပန်းတ
စ်ပွင့်ပမာ လှပသော အပြုံးနှင့် 'ကျွန်မကိုရှင့်ရဲ့ဇနီးအဖြစ် ထိမ်းမြားလက်ထပ်ပါ'ဟု ဆိုလို
က်သော မြင်ကွင်းကို မျက်လုံးအပြူးသားဖြင့်သာ ကြောင်ငေးကြည့်နေမိတော့သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now