အခန်း(၂၁)(၂)

2.4K 489 36
                                    

"ဆရာတူညီလေးကျန်း?"

ဝမ်ရွှမ်အနည်းငယ်အံ့သြသွားရသည်။

"ကျွန်တော်တို့က...ဒီအတိုင်းဆရာတူအစ်ကို
နဲ့ဆရာတူညီလေးဆက်ဆံရေးပဲမဟုတ်ဘူး
လား?"

ချူလျန်ကအေးစက်စွာရယ်မောပြီးသူ့စိတ်
ထဲ၌တွေးလိုက်၏။

မင်းကငါ့ကိုဖုံးကွယ်ဖို့ကြိုးစားနေတယ်ပေါ့?
မင်းတို့တွေနှုတ်ခမ်းချင်းတောင်နမ်းနေကြ
တာလေ မနေ့တုန်းကလည်းမင်းကသူ့ရဲ့
ရင်ခွင်ထဲမှာအရမ်းပျော်နေခဲ့တာ ဒီလိုကိစ္စ
တွေကိုငါ့မျက်စိအောက်မှာလုပ်နေပြီးငါသိ
ဘူးလို့များထင်နေလား?

"ပုံမှန်ဆရာတူအစ်ကိုနဲ့ဆရာတူညီလေးထက်
နည်းနည်းလေးပိုပြီးအနေနီးယုံပဲ အဲ့လောက်
ပါပဲ"

ချူလျန်၏မျက်နှာအမူအယာကထူးဆန်းနေ
သည်ကိုတွေ့လိုက်ရသောကြောင့်အနည်းငယ်
ထပ်လောင်းပြောဆိုလိုက်၏။

"နောက်ဆုံးမှာတော့ သူကကျွန်တော့်ကိုသူ့ရဲ့
နှလုံးသားထဲကအတိုင်းကောင်းကောင်းမွန်
မွန်ဆက်ဆံတယ် သူ့ရဲ့ရိုးသားမှုအတိုင်းကျွန်
တော်ပြန်ပေးဆပ်တာတော့အမှန်ပဲ"

ချူလျန်ကခေါင်းညိတ်ပြီးသူ့ကိုယ်သူတိတ်
တဆိတ်ရေရွတ်လိုက်လေသည်။

အင်း....အဲ့တာကမှပိုကြားလို့ကောင်းသေးတယ်

"ငါမင်းအကြောင်းကောင်းကောင်းသိတယ်
သူနဲ့ပတ်သတ်ပြီးမင်းသေချာနေပြီဆိုမှတော့
မင်းရဲ့ဘဝတစ်သက်တာလုံးကိုသူနဲ့အတူဖြ
တ်သန်းဖို့မင်းမှာအစီအစဥ်တော့ရှိရမယ်"

အမှန်အတိုင်းပြောရရင်တော့ကျန်းရီကိုသ
ဘောမကျဘူး ဝမ်ရွှမ့်ကိုလည်းသဘောမကျ
ပြန်ဘူး။အဲ့တာကြောင့်အများကြီးဝင်နှောင့်
ယှက်နေဖို့သူစိတ်မဝင်စားဘူး။အနာဂတ်မှာ
သူတို့နှစ်ယောက်အတူတကွကောင်းကောင်း
မွန်မွန်ဖြတ်သန်းသွားနိုင်သရွေ့ပေါ့...

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now