အခန်း(၇၉)(၂)

953 165 8
                                    

ကျန်းရီသည် မွေးနေ့ကို ပထမဆုံးအကြိမ်အဖြစ် တစ်ကိုယ်တည်း ဖြတ်သန်းရင်း ကျင့်ကြံရေးဝတ္ထုကို နောက်တစ်ကြိမ် ပြန်ဖတ်ခဲ့သည်။

ကျစ်...ဒီလူ့ဘဝက ငါ့ထက်တောင် ပိုသနားစရာကောင်းနေပါလား

ပြန်တွေးကြည့်ရာတွင် ဝမ်ရွှမ့်ဇာတ်ကောင်ကို ကျန်းရီ ပထမဦးဆုံး စွဲစွဲမြဲမြဲ မှတ်မိနေရခြင်းမှာ ဝမ်ရွှမ်၏ သနားစရာကောင်းသော ဘဝဇာတ်ကြောင်းကြောင့်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းက တစ်ခုတည်းသော အကြောင်းအရင်း မဟုတ်ပြန်ချေ။ ကျန်းရီသည် သနားစရာကော
င်းသော ဇာတ်ကောင်နှင့် ဇာတ်လမ်းများက သူ့ကို နှစ်သိမ့်မှုပေးနိုင်ကြောင်း သိလာသည်နှင့်အ
မျှ ဝတ္ထုပေါင်းများစွာ ရှာဖတ်ခဲ့သော်လည်း ဝမ်ရွှမ်မှလွဲ၍ ဝမ်ရွှမ့်လို ကျန်းရီ၏ အတွေးထဲတွင် မ
ကြာခဏ ပေါ်လာတတ်သော ဇာတ်ကောင်မျိုး လုံးဝ မရှိခဲ့ချေ။

ထိုအချိန်မှစ၍ ဝမ်ရွှမ့်အပေါ် ကျန်းရီ၏ မှတ်ချ
က်ဟာပြောင်းလဲလာတော့သည်။ ငါ့ထက်ပိုသ
နားစရာကောင်းတာလား...ငါ့လောက်နီးနီး သနား
စရာကောင်းတာလား။ ကျန်းရီ သိပ်မမှတ်မိတော့ချေ။

ရက်အချို့ကြာပြီးနောက် ကျန်းရီ၏ မိဘများက ဆရာဝန်မှတဆင့် ကျန်းရီထံ စကားပါးလိုက်ကြသည်။ ဖြစ်ပုံမှာ သားငယ်လေး အအေးမိနေ၍ ဂရုစိုက်နေရခြင်းကြောင့် မလာဖြစ်ခဲ့သည့်အ
ကြောင်းနှင့် ယခုတွင် အအေးမိနေရာမှ ပြန်သက်
သာလာသော်လည်း စိတ်ချရသော အခြေအနေမျိုး မဟုတ်သေး၍ စောင့်ကြည့်နေရခြင်းကြောင့် ကျန်းရီထံ လာနိုင်အုံးမှာ မဟုတ်သည့်အကြောင်း
ပြချက်များဖြစ်သည်။

ကျန်းရီနှင့် မိဘနှစ်ပါးတို့ ပြန်တွေ့ရစဥ်ဝယ် အ
ချိန်နှစ်လတာ ကုန်လွန်သွားပြီဖြစ်သည်။ ကျန်းရီ၏ အခြေအနေသို့ အဆိုးရွားဆုံးအဆင့်သို့ ရော
က်လာပြီး သေလုမျောပါးဖြစ်ခဲ့သည်။ သူနိုးလာချိန်တွင် သူ့မိဘနှစ်ပါးစလုံး အခန်းပြင်တွင် ငိုနေကြသည်။ဆရာဝန် ခွင့်ပြုပေးလိုက်သည်နှင့် နှစ်ဦးသား ပြေးဝင်လာကြပြီး ကျန်းရီ၏ ကုတင်နံ
ဘေးတွင် စကားမပြောနိုင်တော့သည်အထိ ရှို
က်ကြီးတငင် ငိုကြွေးလာကြသည်။ ကျန်းရီသည် မိခင်ဖြစ်သူ၏ ရင်ခွင်ထဲမှ ညီငယ်လေးကို လှမ်းကြည့်ပြီး ကျေနပ်စွာ တွေးလိုက်သေးသည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now