အခန်း(၃၇)

1.4K 292 3
                                    

    <ရိုးစင်းခြင်း၏တရားမဲ့ပေါက်ကွဲဲမှု>

ညသန်းခေါင်တွင် ချင်နျန်ကျစ်၏အိပ်ယာဘေး၌ မတ်တပ်ရပ်နေသူသည် ကျန်းရီသာဖြ
စ်နိုင်၏။

ကျန်းရီသည် လမ်းကိုရှာဖွေပြီး ချင်နျန်ကျစ်ကို ဦးဆောင်တိုက်ခိုက်နိုင်ခြင်းမှာ ဝမ်ရွှမ့်၏
နေရာအနှံ့မှ အတားအဆီးများကို ကျော်ဖြတ်
၍ အပတ်တကုတ် စုံစမ်းနေရခြင်းထက်တော့ပိုမြန်၏။

ဤဇာတ်လမ်းသည် ကျောက်ဖေးယွီ၏ မိုးပြာတောင်ပံဂိုဏ်းမှ ပြသနာများကို အကျဥ်းချုံးရှင်းထုတ်ပြီးမှ စတင်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က သူနှင့်ကျောက်ဖေးယွီသည် နတ်
ဆိုးမိစ္ဆာများကို မိုးပြာတောင်ပံဂိုဏ်း၏ အ
နောက်ဘက်တောင်တန်းဆီသို့ စုဝေးပေးရန်ဆင့်ခေါ်ခဲ့သည်။

ထို့နောက် သူသည် နတ်ဆိုးများနှင့် အဆင်
ပြေပြေ နေသားကျ၍ ကိုယ်ရေးအထောက်အ
ထားအသစ်ဖြင့် သူတို့၏ရဲဘော်ရဲဘက်အဖြ
စ် ဟန်ဆောင်ရန် ကျောက်ဖေးယွီကို နတ်ဆိုးစွမ်းအင်ဖြင့် ဖုံးကွယ်ခိုင်းခဲ့သည်။

သူ၏ကိုယ်ရေးအထောက်အထားကို ထိုနတ်
ဆိုးများ သံသယမဝင်နိုင်ပါဟု အတပ်မပြောနိုင်သော်လည်း ဤကိစ္စသည် ပြသနာအကြီးကြီးတော့ ဟုတ်မနေချေ။

နတ်ဆိုးများသည် များသောအားဖြင့် တစ်ကို
ယ်ကောင်းဆန်ကြ၏။သူတို့၏ လျို့ဝှက်နေ
ရာကို ကာကွယ်နိုင်သရွေ့ တခြားသူတစ်ဦး
၏ ကိုယ်ရေးကိုယ်တာကို ဝင်စွက်ဖက်နေလိမ့်မည်မဟုတ်။

နတ်ဆိုးများနှင့် သူတို့နှစ်ဦးတွေ့ဆုံကြစဥ်တွ
င် ကျောက်ဖေးယွီသည် ကျန်းရီ၏ကိုယ်ပေါ်
၌ ကျိန်စာတိုက်ခဲ့သော နတ်ဆိုးကို ရှာဖွေနိုင်ခဲ့သည်။

ထိုနတ်ဆိုးသည် အတော်လေးရယ်စရာကော
င်းလှ၏။ယခင်က သူကျိန်စာတိုက်ခဲ့ဖူးသူကို လက်ရှိတွင် လူအကောင်လိုက် ပြန်တွေ့နေရသော်ငြား လုံးဝကိုမှတ်မိမနေချေ။

ကျန်းရီသည် ထိုမိစ္ဆာကို ဘာမှထုတ်ပြောရန် မကျန်တော့သည်အထိ အိတ်သွန်ဖာမှောက် ဝန်ခံစေရန် ရည်ရွယ်ချက်ရှိရှိ လှည့်စားပြီးမှသာ ဤနတ်ဆိုးသည် နတ်ဘုရားတို့၏ ကျင့်ကြံခြင်းနည်းလမ်းများနှင့် တူညီသော နည်းလမ်းကို အသုံးပြုထားကြောင်း ရှာတွေ့ခဲ့သ
ည်။၎င်းသည် ကျင့်ကြံခြင်းနည်းလမ်းကို မြှင့်တင်ပြီးနောက် သစ်သားရုပ်တုထဲမှကျိန်စာကို
ပယ်ဖျက်ပေးခဲ့သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now