အခန်း(၇၀)

981 167 0
                                    

<မတူသောလမ်းတူသော ဦးတည်ရာ>

တံခွန်တိမ်တိုက်ဂိုဏ်းသည် ပင်လယ်ကို မျက်နှာ
မူထားပြီး နောက်ဆုံးအနေဖြင့် ဝမ်ရွှမ် ရွေးချယ်ခဲ့သော ထွက်ပေါက်ဟာ ကမ်းစပ်တစ်ခုအနီးတွင် တည်ရှိနေခဲ့သည်။ဂူထဲမှ ထွက်လာသည်နှင့် ပင်
လယ်ဆားနံ့များ ရောယှက်နေသော လေပြည်ညှ
င်းများက တိုက်ခတ်ဆီးကြိုလျက်ရှိသည်။

သူတို့အရှေ့တွင် ပြာလဲ့နေသော ရေပြင်ကျယ်ကြီးရှိပြီး ဖြူဖွေးဖွေး လှိုင်းဂယက်များက ငြိမ်ဝပ်စွာ တည်ရှိနေသော ကျောက်ဆောင်များကို တဝု
န်းဝုန်း ရိုက်ခတ်နေသည်။နောက်ပြန်လှည့်ကြည့်ရာ တံခွန်တိမ်တိုက်ဂိုဏ်း၏ အရိပ်အယောင်ကို မြင်နေရသော်လည်း မီးခိုးရောင် မြူခိုးများဖြင့် ဖုံးအုပ်သွားနှင့်ပြီးဖြစ်သည်။ကြားထဲတွင် တောင်
တန်းများ ကာဆီးထားခြင်းကြောင့် ချက်ချင်း ဖ
မ်းမိသွားမည်ကိုတော့ စိုးရိမ်စရာ မလိုချေ။

"ငါတို့လုံခြုံသွားပြီ...."

"တကယ်လွတ်လာပြီပဲ...."

ဝမ်ရွှမ်နှင့် လိုက်လာသော လူအုပ်သည် ဘေးအန္တ
ရာယ်ဆိုးမှ လွတ်မြောက်လာခြင်းကြောင့် တစ်ဦးမျက်နှာ တစ်ဦးကြည့်လျက် ပျော်ရွှင်ဝမ်းမြောက်စွာ အော်ဟစ်ငိုကြွေးလာကြသည်။

ယခုအချိန်တွင် အများနည်းတူ စိတ်မချမ်းသာနို
င်သည့် တစ်ဦးတည်းသောသူမှာ ကျန်းရီစင်စစ်ဖြစ်ပေသည်။

ကျန်းရီသည် ရန်ပြုလာခြင်း မရှိသော်လည်း သူတို့အားလုံးကို အေးစက်စက် အကြည့်များဖြင့် စိ
တ်အလိုမကျစွာ စိုက်ကြည့်နေ၏။

"အပျော်လွန်မနေနဲ့။ဒီမှာပဲ ရပ်နေရင် ငါတို့ကို ဖ
မ်းမိသွားလိမ့်မယ်"

ကျန်းရီ၏ စကားကြောင့် လူအုပ်မှာ အပျော်မဆ
က်နိုင်တော့ဘဲ အထိတ်တလန့် လှမ်းကြည့်လာကြသည်။

ကျန်းရီကမူ သူတို့အားလုံးကို အဖတ်မလုပ်ဘဲ တစ်ဦးတည်း ရှေ့ဆက်လျှောက်သွားခဲ့သည်။မျက်စိတစ်မှိတ်အတွင်းမှာပင် လူအုပ်ကို အနောက်တွင် ချန်ရစ်လျက် အဝေးသို့ ရောက်သွားချေပြီ။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now