<ဒါကိုယုံကြည်ပေးပါ>
ထိုနတ်ဆိုးသည် ရက်စက်ကြမ်းကြုတ်သော ပုံစံမျိုးဖြစ်၏။အနက်ရောင် အခိုးအငွေ့များနှင့် ဝန်းရံထားပြီး ၎င်း၏ ကျောဘက်တွင် ထွ
က်နေသော အနက်ရောင် အတောင်ပံတစ်စုံလည်း ရှိသေးသည်။ကြီးမားသောအသွင်နှင့် ၎င်း၏ ဦးခေါင်းထိပ်ရှိ ချွန်မြနေသော ဦးချိုကြီးတို့ကြောင့် မျက်နှာကျက်ကိုပါ ထိုးဖော
က်မိမတတ် ဖြစ်နေသည်။သို့ရာတွင် ရုပ်ခန္ဓာ ဖွဲ့စည်းမှု မပြီးသေးခင်မှာတင် ဝမ်ရွှမ့်ဓားက ၎င်းကို ခုတ်ဖြတ်ပြီးသား ဖြစ်လေသည်။
နာကျင်မှုကို ခံစားလိုက်ရသောကြောင့် ထိုနတ်ဆိုးသည် အဆက်မပြတ် ဟိန်းဟောက်၍ ဝမ်ရွှမ့်ကို ရိုက်ရန် သူ၏ ကြီးမားသော လက်
ဖဝါးကို ဖြန့်ကျက်လိုက်သည်။ဝမ်ရွှမ်သည် ရှောင်တိမ်ခြင်းနှင့် နေရာပြောင်းခြင်းတို့ မပြုပါဘဲ တိုက်ခိုက်မှုကို အကာအကွ
ယ်အဖြစ် သုံး၍ ဓားပျံကို လေပွေထဲသို့ ခုန်ဝ
င်စေပြီး ဖြန့်ကျက်ထားသည့် လက်ဖဝါးကြီးကို ထိုးခွင်းကာ နတ်ဆိုးအငွေ့အသက်များ ထွ
က်လာစေရန် စွမ်းဆောင်ခဲ့သည်။"ဘယ်သူလဲ..."
ထိုနတ်ဆိုးသည် အလွန်အမင်း အံ့သြသွားပြီး မေးမြန်းနေရင်းဖြင့် အနောက်သို့ ခြေတစ်လှ
မ်းခန့် ပြန်ဆုတ်သွားလေသည်။သစ်သားရုပ်တုကို ဝမ်ရွှမ်မဖျက်ဆီးခင်က ထိုနတ်ဆိုးသည် ဝမ်ရွှမ့်စွမ်းအားမှာ ယွမ်စုစည်းခြင်းအဆင့်နှင့် အတော်လေး ဝေးနေသေးကြောင်းကို ခံစားမိသည့်အတွက် ကိုယ်ထည်အစစ်အမှန်ကို ဤနေရာသို့ ပို့လွှတ်မိခြင်းဖြ
စ်သည်။ယခုတွင်မူ ဝမ်ရွမ့်ထံမှ တိုက်ခိုက်မှု နှစ်ကွက်ကို ခံယူပြီးနောက် တစ်ကွက်ချင်းစီတွင် ကျင့်ကြံခြင်းအဆင့်က ယခင်ကထက် ပို၍သန်မာလာခဲ့သည်။
ထိုမေးမြန်းသံကို ဝမ်ရွှမ်ကြားရသောအခါ
စကားတစ်ခွန်းကိုမျှ ဆိုပါရန် စိတ်မဝင်စားဘဲ အေးစက်စက် လှောင်ရယ်၍သာ တုံ့ပြန်ခဲ့သ
ည်။နှောင့်နှေးခွင့်တောင် မပြုပါဘဲ တိုက်ခိုက်မှုအတွက် သူ၏ဓားကို လက်ထဲ၌ အသင့်ကိုင်ဆောင်ထားဆဲ။

KAMU SEDANG MEMBACA
တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]
Pertualangan-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian I do not own any part of this novel. All credits go to ORIGINAL AUTHOR and ENGLISH TRANSLATOR 🙏 Pl...