အခန်း(၈)

2.8K 569 17
                                    

<ဟိတ်ကောင်လေး....မင်းရှက်နေတာလား?>

အဖြူရောင်အလင်းတန်းပျောက်ကွယ်သွား
ပြီးဝမ်ရွှမ်ရှေ့တွင်ယခင်ဂူထက်ပင်ပိုနက်ရှိုင်း
သောဂူနောက်တစ်လုံးပေါ်လာခဲ့သည်။ဤနေ
ရာတွင်ဝိဥာဥ်စွမ်းအားများမှာလွင့်ပျယ်သွား
ခြင်းမရှိဘဲလေထဲတွင်တွဲခိုလျှက်ပိုမိုထူပြော
နေခဲ့သည်။ဤဂူမှာအပြင်လောကနှင့်လည်း
ချိတ်ဆက်ထားပုံမရပေ။အနောက်နှင့်ဘေး
ဘက်တွင်ကျောက်သားနံရံများကသာပတ်
ပတ်လည်ဝန်းရံထားပြီးရှေ့ဆက်သွားရန်
လမ်းတစ်လမ်းသာရှိလေသည်။

ဝမ်ရွှမ်သည်သူ၏စိတ်ကိုတည်ငြိမ်အောင်ထားပြီးနောက်'နေရာရွှေ့ပြောင်း'မန္တာန်စည်း
မှထွက်ရန်ခြေကိုကြွလိုက်စဥ်မှာတင်'ချွတ်'
ခနဲမြည်သံနှင့်အတူတစ်စုံတစ်ရာကိုချက်
ချင်းနင်းမိသွား၏။

ခေါင်းငုံ့ကြည့်လိုက်မိရာကျောက်စိမ်းအ
ဆောင်ပြားတစ်ခုကိုတွေ့လိုက်ရသည်။၎င်း
၏အစိတ်အပိုင်းအများအပြားမှာဖုန်မှုန့်နှင့်အညစ်အကြေးများဖုံးအုပ်နေပြီးအတော်လေးရှေးကျပုံလည်းပေါ်၏။ထိုကျောက်စိမ်းအဆောင်ပြားအားမြေပြင်မှကောက်ယူပြီးဖုန်မှုန့်များအားမှုတ်ထုတ်လိုက်ရာ၎င်း၏အပြင်
လွှာကိုဝန်းရံထားသောဝိဥာဥ်ရောင်ခြည်မှာ
အချိန်အတန်ကြာသည့်တိုင်ပျောက်ပျယ်သွား
ခြင်းမရှိကြောင်းတွေ့လိုက်ရသည်။ထိုဝိဥာဥ်
ရောင်ခြည်မှာပတ်ဝန်းကျင်တစ်ခုလုံးကိုပင်
လင်းလက်သွားစေခဲ့သည်။၎င်းအဆောင်ပြား
မှာအဖိုးတန်သောအရာတစ်ခုဖြစ်ကြောင်း
ရှင်းလင်းလှပေသည်။

ထိုကျောက်စိမ်းအဆောင်အားမြင့်မြတ်သော
စိတ်စွမ်းအားဖြင့်ထိလိုက်သည်နှင့်အချက်
အလက်အချို့ကဝမ်ရွှမ့်၏အသိစိတ်ထဲပေါ်
ပေါက်လာခဲ့သည်။

အပေါ်ဆုံးအတန်း၌ရေးသားထားသည့်ပထမ
ဆုံးစာကြောင်းမှာ

"ကောင်းကင်ဘုံ၏အလိုတော်ကိုသိမြင်ရာ၌
အန္တရာယ်ကျအံ့ဆဲဆဲလျှပ်စီးမုန်တိုင်း
ကြောင်းကိုအကျွန်ုပ်ခံစားခဲ့ရ၏။နှစ် ထောင်
ပေါင်းများစွာကျင့်ကြံခဲ့ရသောကျင့်ကြံခြင်း
လမ်းစဥ်တစ်ခု၏အောင်မြင်မှု(သို့)ကျရှုံးခြင်းမှာမူလက်တစ်ကမ်းအကွာတွင်ရှိနေ၏"
ဟူ၍ပင်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now