အခန်း(၆)

2.9K 595 4
                                    

< မိစ္ဆာသားရဲတွေကိုရှင်းဖို့နှစ်ယောက်အတူပူးပေါင်းကြမယ် >

ဝမ်ရွှမ့်အကြည့်များမှာထိုလက်ကောက်အား
နှံ့စပ်နေအောင်ကြည့်ရှုပြီးအဆောင်ပေါ်သို့
ကျရောက်သွားခဲ့သည်။ထို့နောက်အံ့သြသွား
ခဲ့ရ၏။

မူလကတော့ထိုအဆောင်လက်ဖွဲ့၌ကြောက်
စရာကောင်းအောင်အစွမ်းကြီးသောဝှက်ဖဲ
တခုခုရှိလိမ့်မည်ဟုထင်ခဲ့သော်လည်းလက်
တွေ့တွင်တော့ဗလာနတ္ထိအဆောင်လက်ဖွဲ့
တစ်ခုသာဖြစ်နေခဲ့သည်။

ဗလာနတ္ထိအဆောင်လက်ဖွဲ့ဆိုသည့်အတိုင်းမည်သည့်မှော်စွမ်းအင်မျိုးမှမထည့်သွင်းရ
သေးသောလက်နက်မျိုးဖြစ်လေသည်။မည်
သည့်ခွန်အားမှမပါဘဲအချည်းနှီးဗလာပေါက်
သာ​ဖြစ်ခဲ့၏။ထိုအပေါက်ငယ်သည်ပင်လျှင်အခြားအဆောင်များထက်တော့ပြုလုပ်ရန်လွယ်ကူမည်မဟုတ်ဘဲကုန်ကျငွေသည်လည်းနည်းမည်တော့မဟုတ်ချေ။သို့သော်
တိုက်ပွဲအလယ်၌ထိုအရာအားဆွဲထုတ်လိုက်
ခြင်းကအကူအညီတစ်ခုဖြစ်နိုင်မည်မဟုတ်
ကြောင်းတော့သိသာလှသည်။

ဝမ်ရွှမ်ထိုကဲ့သို့တွေးလိုက်ပြီးကျန်းရီကတော့သူရှေ့တွင်အဆောင်လက်ဖွဲ့ကိုကိုင်ထားဆဲ
ဖြစ်၏။

"ဆရာတူအစ်ကို"

ကျန်းရီကနောက်ပြန်လှည့်ကြည့်ပြီးရိုးသားစွာအကူအညီတောင်းလာခဲ့သည်။

"ကျေးဇူးပြုပြီးအစ်ကိုရဲ့အထောက်အပံ့ငှား
ပေးပါ"

သူဘာလုပ်ရန်ကြံစည်နေသည်ကိုဝမ်ရွှမ်
ချက်ချင်းနားလည်လိုက်သော်လည်းနား
လည်မှုများလွဲနေသလောဟူသည့်အတွေး
​​ဖြင့်မေးခွန်းထုတ်လိုက်၏။

"မင်းဆိုလိုတာက....?"

"ဟိုးတုန်းကအစ်ကိုရဲ့'ရေခဲလွှာဓားသွား'နည်း
စနစ်နဲ့ပတ်သတ်ပြီးအနောက်ပိုင်း'နင်'ပြည်
ထောင်တစ်ခုလုံးချီးကျူးခဲ့ကြတယ်။ဒီဆရာ
တူညီလေးကလဲအစ်ကို့ရဲ့အဲ့ဒီနည်းစနစ်ကို
မြင်ဖူးချင်ခဲ့တာကြာပါပြီ"

ကျန်းရီကထိုစကားများအားပြုံးရင်းပြောခဲ့
သည်။

သူတစ်ကယ်ကြီးပြောနေတာလား??ဝမ်ရွှမ်
သည်ထိုအရာအားအဓိပ္ပါယ်မဲ့သောကိစ္စတစ်
ခုဟုသာခံစားလိုက်ရ၏။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now