အခန်း(၇)

2.8K 551 9
                                    

<မတော်လောဘအတွက်အခကြေးငွေက
သေခြင်းတရားပဲ >

ကျန်းရီသည်သူ၏တုန်ယင်နေသောလက်များအား​မြှောက်လိုက်ပြီးမျက်စိရှေ့တွင်ဆုပ်ကိုင်ထားရင်းကြည့်လိုက်၏။ထို့နောက်ခေါင်းကိုခါယမ်းကာပြုံးလိုက်လေသည်။

"ကြောက်ရကောင်းမှန်းသေချာပေါက်သိတာ
ပေါ့"

တိုးညှင်းသောလေသံဖြင့်ဆက်ပြောလာခဲ့
သည်။

"ဆရာတူအစ်ကိုမယုံလောက်ပေမယ့်ဒါက
သွေးထွက်သံယိုဖြစ်တာကိုကျွန်တော်ပထမ
ဆုံးမြင်ဖူးတာပဲ။အင်း.....အခြားတစ်ယောက်ရဲ့သွေးကိုပေါ့လေ"

မြေပြင်မှမတ်တပ်ရပ်ပြီးတာတောင်သူ၏တုန်
ယင်နေသောလက်များမှာထိန်းမနိုင်သိမ်းမရ
ဖြစ်နေဆဲပင်။ကျန်းရီ၏အမူအယာမှာဖျော့
တော့နေခဲ့ပြီးထိုလက်ကိုလက်သီးကျစ်ကျစ်
ဆုပ်လိုက်၏။

ကျန်းရီ၏ထိုအသွင်အပြင်အားမြင်လိုက်ရ
သောအခါဝမ်ရွှမ်လည်းမည်သို့မျှမတတ်နိုင်
တော့ဘဲပျော့ပျောင်းညင်သာသောလေသံ
ဖြင့်သာစကားပြောလိုက်သည်။

"ကြောက်ရကောင်းမှန်းသိတယ်ဆိုထဲကနောင်အနာဂတ်မှာဒီလိုအန္တရာယ်ရှိတဲ့ကိစ္စ
တွေကိုထပ်မလုပ်နဲ့တော့"

ကျန်းရီကသူ၏ခေါင်းကိုမော့လိုက်ကာ

"ဆရာတူအစ်ကိုပြောချင်တာက...ကျွန်တော်
အစ်ကို့နောက်မှာပုန်းနေသင့်တာလား?"

ထိုမေးခွန်းကဝမ်ရွှမ့်ကိုတစ်ခဏတာပြောစ
ရာစကားကင်းမဲ့သွားစေခဲ့သည်။ငါတို့နှစ်
ယောက်ကြားမှာအဆင့်2ဆင့်တောင်ကွာနေ
တာ...အဖြေကသိသာမနေဘူးလား?
(notes:ယွမ်စုစည်းခြင်းအဆင့်>ချီသန့်စင်ခြင်းအဆင့်)

ကျန်းရီကပြတ်ပြတ်သားသားဖြင့်မဆိုင်းမတွ
ဆက်ပြောလာခဲ့သည်။

"ဒီခရီးမှာကျွန်တော့်အတွက်အဖော်အဖြစ်
အစ်ကိုလိုက်လာပေးဖို့ကိုနည်းလမ်းမျိုးစုံနဲ့
ဖန်တီးယူခဲ့ရတာ။အဲ့လိုမှမဟုတ်ရင်အစ်ကို
ကျွန်တော့်ကိုကာကွယ်ပေးမှာမဟုတ်ဘူး"

အိုး...အဲ့တာကအမှန်ပဲ။ဝမ်ရွှမ်မေ့လုနီးပါးဖြစ်သွားခဲ့ရသည်။သူတို့နှစ်ဦးလုံးအန္တရာယ်
ရှိသောအခြေအနေသို့ရောက်ခဲ့ရသောအ
ကြောင်းအရင်းလုံးလုံးလျားလျားမှာဤ
ကလေး၏အကြံအစည်များကြောင့်သာဖြစ်
ခဲ့သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now