အခန်း(၁၁)

2.5K 500 17
                                    

<မလွယ်ကူသောအဓိကဇာတ်ကောင်>

ဝမ်ရွှမ်သည်ကျောက်စိမ်းအပိုင်းအစအား
ဆုပ်ကိုင်ထားပြီးအတွေးပေါင်းမြောက်များစွာကခေါင်းထဲဖြတ်ပြေးသွားခဲ့သည်။အနှီ
ဆရာတူညီလေး၏အံ့သြဖွယ်ရာရှုထောင့်
ပေါင်းစုံကိုနားလည်ပြီဟုသူထင်လိုက်တိုင်း
ထိုကောင်လေးကအဆုံးမရှိနိုင်သောအံ့အား
သင့်စရာများကိုအမြဲယူဆောင်လာခဲဲ့ပြန်၏။

ထိုအရာအားဘေးဘက်သို့ပို့လိုက်ပြီး၎င်း၌
ရေးသားထားသောစာများသည်သာအမှန်
တကယ်ဖြစ်ခဲ့လျှင်ဝမ်ရွှမ့်ကိုအံ့အားသင့်သွား
စေရန်လုံလောက်ပါချေသည်။

ဆန့်ကျင်ဘက်၌ရပ်နေသောချင်ရှိယွီကိုလဲ
ဝမ်ရွှမ်မကြည့်ပဲမနေနိုင်တော့ပေ။

ချင်ရှိယွီရဲ့တိုက်ခိုက်ရေးစွမ်းရည်ကစာနာ
စိတ်မရှိဘဲရက်စက်ပြီးနှစ်ပေါင်းများစွာရှုံးပွဲ
မရှိခဲ့တာဝမ်ရွှမ်သိပေမယ့်ဒီလောက်အတိုင်း
အတာအထိစာနာစိတ်မရှိလောက်ဘူးလို့တော့ဝမ်ရွှမ်မထင်ခဲ့မိဘူး။

ကျောက်စိမ်းအပိုင်းအစ၌ကျွမ်းကျင်မှုနည်း
စနစ်များစွာကိုဖော်ပြထားပြီးဝမ်ရွှမ်တစ်ခါ
မှမကြားဖူးသော'ထုတ်ချင်းပေါက်နဂါးလက်ဝါး"ဟူသည့်တစ်ချက်အသုံးပြုယုံဖြင့်ပြိုင်ဘက်အားခြေလှမ်းသုံးလှမ်းအတွင်းအမြစ်ပြတ်ချေမှုန်းနိုင်သောနည်းစနစ်မျိုးပင်
ပါသေးသည်။ထိုနည်းစနစ်ကိုခုခံနိုင်သူမှာ
ရွှေအမြုတေအဆင့်ကျင့်ကြံသူများသာဖြစ်
ပြီးအခြားမည့်သည့်ကျင့်ကြံသူမျိုးကမှခုခံ
နိုင်မည်မဟုတ်ပေ။

၎င်း'ထုတ်ချင်းပေါက်နဂါးလက်ဝါး'အပြင်
'သဏ္ဍာန်မဲ့ချီဓားသွား'နှင့်'မီးလျှံသုံးလုံးပေါက်ကွဲခြင်း'နည်းစနစ်များကိုပါတွေ့လိုက်ရ၏။
သူ့၌သတ်ဖြတ်ရန်ကြောက်စရာကောင်းသော
နည်းစနစ်များရှိနေခဲ့သည်။ထို့အပြင်များစွာ
သောရှောင်လွှဲ၍ရွေ့လျားနိုင်သည့်ထိပ်တန်း
အရည်အသွေးကျွမ်းကျင်မှုများနှင့်ခုခံကာ
ကွယ်ခြင်းစွမ်းရည်များလည်းရှိသေးသည်။
သို့ဖြစ်ရာချင်ရှိယွီလိုလူမျိုးနှင့်ရင်ဆိုင်ဖြေရှင်းရသည်မှာအတော့်ကိုကြီးမားသော
ပြသနာမျိုးပင်တည်း။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now