အခန်း(၁၂)

2.5K 498 14
                                    

                  <ဂိုဏ်းသို့ပြန်ခြင်း>

ချင်ရှိယွီ၏ စကားကို ကြားပြီးနောက် ပြိုကျ
တော့မည့် မိုးလို မည်းမှောင်နေသော ကျန်းရီ
၏ မျက်နှာထက်၌ အေးစက်သော အပြုံး တ
စ်ခု ပေါ်လာခဲ့သည်။

"ကျွန်တော် ခင်ဗျားကိုရှင်းပြစရာအကြောင်းမရှိဘူးထင်တယ်နော်"

ဘေးဘက်၌ရပ်နေဆဲဖြစ်သောဝမ်ရွှမ့်အား
မျက်လုံးထောင့်ဖြင့်မသိမသာစွေကြည့်လိုက်
ရင်းတွေးလိုက်မိ၏။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုရက်မျိုးကအနှေးနဲ့
အမြန်ရောက်ကိုရောက်လာမှာပါပဲလေ....

တစ်နေ့မှာတော့အမှန်တရားတွေအားလုံး
ဝမ်ရွှမ့်ကိုပေးသိရမယ်ဆိုတာကျန်းရီသိထား
ပြီးသားဖြစ်တယ်။

ဒါပေမယ့်အဲ့ဒီလိုရက်ကဒီလောက်မြန်မြန်ကြီးရောက်လာလိမ့်မယ်လို့တစ်ခါမှမတွေးခဲ့
ဖူးဘူး။ဒီအချိန်မှာဝမ်ရွှမ်သူ့ကိုဘယ်လောက်
အထိယုံကြည်သလဲဆိုတာမသေချာဘူး။အဲ့ဒီ
အရာကပဲသူ့ကိုစိုးရိန်စိတ်နဲ့ဝန်လေးစေခဲ့တာ။
ဒီအခွင့်အရေးကိုအသုံးချပြီးတိုက်ရိုက်ဝန်ခံ
လိုက်သင့်လား?ဒါမှမဟုတ် တည်ငြိမ်တဲ့အ
ချိန်အထိဒါကိုဖုံးကွယ်ဖို့နည်းလမ်းတစ်ချို့
ရှာပြီးစောင့်သင့်သလား?

ဘာပဲဖြစ်ဖြစ်ဆုံးဖြတ်ချက်မချခင်တော့သူရှေ့ကစိတ်အနှောင့်အယှက်ကောင်ကိုအရင်
ဆုံးရှင်းပစ်ရမယ်!

"ခင်ဗျား..."

"အိုး.."

ချင်ရှိယွီကရုတ်တရက်အာမေဋိတ်သံပြုကာ
ပုံကြီးချဲ့၍ပြောလာပြန်သည်။

"ငါနောက်တစ်ခုထပ်မှတ်မိသွားပြီ ဟုတ်
သားပဲ အဲ့ဒီအချိန်တုန်းကမင်းရဲ့အဖေက
မှတ်ဥာဏ်နှောင့်နှေးတဲ့ရောဂါကိုကုပေးမယ့်လူတစ်ယောက်သွားရှာမယ်လို့ပြောခဲ့တာ
အခုကြည့်ရတာတော့ မင်းပြန်ကောင်းသွား
တာလား?"

စကားပြောရန်ကြံရွယ်နေသောကျန်းရီ၏
နှုတ်ခမ်းများခပ်တင်းတင်းစေ့သွားရသည်။

ကျန်းရီရဲ့အမူအယာကမသေချာဘူး။တစ်
ဖက်လူရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကို
သူခဏလောက်တော့နားမလည်နိုင်ဖြစ်သွား
ခဲ့ရတယ်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now