<ရိုးရှင်းသောစွမ်းဆောင်ချက်>
ခန်းမထဲမှစကားဝိုင်းသည်တစ်ယောက်မှဆ
ယ်ယောက်သို့ ဆယ်ယောက်မှအယောက်
တစ်ရာ ထိုမှတဆင့်တံခွန်တိမ်တိုက်ဂိုဏ်းတစ်ခုလုံးသို့ပျံ့နှံ့သွားခဲ့သည်။လှိုင်းဂယက်
ပေါင်းများစွာခွဲဖြာပေးနိုင်သောကျောက်တုံး
တစ်တုံးကဲ့သို့၎င်းသည်ကြီးမားသောအငြင်း
ပွားမှုလှိုင်းဂယက်တစ်ခုဖြစ်လာခဲ့သည်။အပြင်ဆောင်တပည့်များကဤအရာသည်အ
ခွင့်အလမ်းတစ်ခုဖြစ်သည်ဟုယူဆလျက်ပြို
င်ပွဲတွင်ပါဝင်ရန်လျှောက်ထားကြသည်။ပို
မောက်မာသောအပြင်ဆောင်တပည့်များက
တောင်ဤတိုက်ပွဲသည်အတွင်းဆောင်ဝင်ရန်
အရည်အချင်းပြည့်မှီမှုအတွက်လုံလောက်ပါကထိုအရည်အချင်းပြည့်မှီသူသည်သူတို့သာဖြစ်သင့်ကြောင်းဆိုမြည်ကြသေးသည်။ဤရှုထောင့်ကကျီဇီအန်းကိုဝမ်းသာအားရ
ဖြစ်စေခဲ့သည်။ဝမ်ရွှမ်နှင့်ချီကျိပိုင် နှစ်ဦးလုံးကကျန်းရီအတွက်ချီးကျူးစကားများဆိုခဲ့
ကြသော်လည်းကျီဇီအန်း၏အမြင်တွင်တော့
ကျန်းရီကအပြင်ဆောင်မှအရည်အချင်းအရှိ
ဆုံးတပည့်ဖြစ်သည်ဟုမခံစားရပေ။ပုံမှန်အားဖြင့်ကျန်းရီကိုကန်ထုတ်ရန်အခွင့်အရေးပိုများလေ ပိုကောင်းလေဖြစ်၏။သို့
သော်ထိုနေရာတွင်ကျန်းရီတစ်ဦးတည်းကိုအားလုံးနှင့်ယှဥ်တိုက်ခွင့်တော့မပြုနိုင်ပေ။
ထိုအရာကပြောင်ပြောင်တင်းတင်းမတရား
ရာကျလွန်းပြီးကျီဇီအန်း၏ကြင်နာတတ်
သောအသွင်အပြင်ကိုပါထိခိုက်လာနိုင်သည်။ထို့ကြောင့် အပြင်ဆောင်တပည့်များအကြား
ကြီးမားသောတိုက်ပွဲတစ်ခုပြင်ဆင်ပြီးအပြင်
ဆောင်တပည့်များအားလုံးသည်တစ်ယောက်
ချင်းအလဲထိုးတိုက်ပွဲကိုယှဥ်ပြိုင်ကြရပေမည်။တိုက်ပွဲတစ်ခုစီတိုင်းတွင်တစ်ဦးတည်းကျန်ရှိသည်အထိယှဥ်ပြိုင်ရမည်ဖြစ်ပြီးအနိုင်
ရရှိသူအားအတွင်းဆောင်ဝင်ခွင့်ပေးအပ်မည်
ဖြစ်၏။ဤအစီအစဥ်သည်တရားမျှတပြီးကျိုးကြော
င်းဆီလျော်ကာအလွန်သမာသမတ်ကျဟန်ရှိ
ပြီးလူတိုင်းလည်းကျေနပ်ကြလေသည်။

YOU ARE READING
တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]
Adventure-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian I do not own any part of this novel. All credits go to ORIGINAL AUTHOR and ENGLISH TRANSLATOR 🙏 Pl...