အပိုင်း - ၂၃

4.1K 900 48
                                    

အပိုင်း - ၂၃ ( အမတ်မင်း ဘယ်မှာလဲ )

( ခေါင်းဆောင်​ေကျာက်နဲ့ သကြားအရုပ်ချောင်းပုံ ဆွဲနေကြတယ် )

"ဘာဖြစ်တာလဲ"

ဝမ်းလျိုနျဲန် မေးလာသောအခါ အမှုထမ်းအသစ်ကလည်း ဟောဟဲလှိုက်ရင်း ဖြေလာ၏။

"အဘိုးကျန်းကို ဘာကများ စိတ်သွားဆွလိုက်တာလဲ မသိဘူး။ အစတုန်းက အကောင်းကြီးကို ရုတ်တရက်ကြီး သူ့အခန်းထဲမှာ သေကြောင်းကြံစည်ချင်လာလို့တဲ့၊  ကံကောင်းလို့ စောစောစီးစီးတွေ့လိုက်ကြပြီး ပြဿနာကြီးကြီးမားမား ဖြစ်မသွားတာ။ ဒါပေမယ့် အခုတော့ လူအိုရုံတစ်ခုလုံး ဗြောင်းဆန်နေပြီ ၊ အားလုံးကလည်း ဒီအကြောင်းချည်း ပြောနေကြတယ်ဗျ "

"သေကြောင်းကြံစည်တယ်?"

ဝမ်းလျိုနျဲန် မျက်မှောင်ကြုတ်သွား၏။

သူ့ဘေးနားရှိ အမှုထမ်းက ထိုအမှုထမ်းအသစ်အား မေးလိုက်၏။

"ကျန်းမျိုးရိုးက အဘိုး? မြို့မြောက်ဘက်ခြမ်းအစွန်ဆုံးက မိုးမခနွယ်ပင်အောက်အိမ်လား?"

အမှုထမ်းအသစ်က ခေါင်းညိတ်ပြလာ၏။

"ဟုတ်တယ်၊ ဟုတ်တယ်၊ သူပဲ ။ သူက အရင်ကလည်း အဆင်ပြေနေကျပါ၊ ဘာများဖြစ်ပျက်သွားလို့ ဒီလိုပြဿနာမျိုး လုပ်မိသွားတာလဲ မသိပါဘူး"

ဝမ်းလျိုနျဲန်လည်း အမှုထမ်းများကို ခေါ်ကာ ဖြစ်ကြောင်းကုန်စင်ကို လေ့လာစုံစမ်းရန် လူအိုရုံသို့ အမြန်ထွက်သွားခဲ့သည်။

ထိုအဖြစ်က လတ်တလောမှတင် ဖြစ်ပွားသွားသောကြောင့် လူအိုရုံမှာ ယခင်ကထက် ပိုပြီးဆူညံနေခဲ့သည်။ မြို့စားမင်းရောက်လာကြောင်း သိရသည့်တိုင် လူအိုရုံဥက္ကဋ္ဌမှာ အတန်ကြာခါမှ ထွက်လာကြိုနိုင်၏။

"ကြိုဆိုမှုပျက်ကွက်သွားတဲ့အတွက် ခွင့်လွှတ်ပေးပါခင်ဗျာ"

"ဖြစ်ကြောင်းကုန်စင်အစစ်က ဘယ်လိုများလဲ။ လူအိုရုံထဲက အဘိုးတစ်ယောက် သူ့ကိုယ်သူ သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့တယ်လို့ ကျွန်တော် သတင်းကြားလိုက်ရတယ် "

Tu Fei Gong LueWhere stories live. Discover now