အပိုင်း - ၁၆၈ ( ဖင်းလန်ဂိုဏ်းထဲ ပျော်စရာကိစ္စ အများကြီးပဲ)

1.3K 307 14
                                    


အပိုင်း - ၁၆၈ ( ဖင်းလန်ဂိုဏ်းထဲ ပျော်စရာကိစ္စ အများကြီးပဲ)

(ပွဲကြည့်ရတာမို့ ဘာမှ အပန်းမကြီးပါဘူး )

သို့နှင့် နောက်နာရီဝက်ကြာသောအခါ ထိုပန်းနှင့်ပတ်သက်သမျှအား အစအနတစ်ခုမှ မကျန်အောင် ထျဲန်းယာမြိုင်နန်းထဲမှ ရှင်းထုတ်လိုက်ကြပြီဖြစ်သည်။

ဟိုင်ဟွားနျဲန်က ယဲ့ကျင်အား မေးလာ၏။

"ဖြေဆေးရှိလား"

"အဲ့ပန်းက အဆိပ်မရှိပါဘူးခင်ဗျာ ၊ ဒီတိုင်းနေရင်တော့ လူတွေကို အန္တရာယ်မပေးဘူး။ များများမှီဝဲမှသာ ဂဏှာမငြိမ်ဖြစ်လာတာပါ၊ ဒါလည်း ခဏလောက်နေရင် ပြန်ကောင်းသွားပါတယ်။ ဒါကြောင့် မြိုင်နန်းသခင် စိတ်မပူလိုက်ပါနဲ့"

ဟိုင်ဟွားနျဲန်က ခေါင်းတခါခါလုပ်ကာ ဆိုလာသည်။

"ဒီထျဲန်းယာဟိုင်က ယောက်ျားတွေကို ရွံရှာစက်ဆုပ်သွားတဲ့ မိန်းမသားတွေအတွက်ဆိုပြီး ဆောက်လုပ်ထားခဲ့ကြတာ၊ ဒါမှ သူတို့တတွေ အိမ်ယာမဲ့မဖြစ်အောင်ဆိုပြီး။လာရောက်မှီခိုတဲ့ လူတွေကို အကျဉ်းချတဲ့သဘောမျိုး ရည်ရွယ်ခဲ့တာမဟုတ်ပါဘူးလ။ ချစ်သူရှိတဲ့အခါကျ အချိန်မရွေး ပြန်ထွက်သွားခွင့်လည်း ပြုပါတယ်။ ဟိုကလေးမ မေးတုန်းကလည်း ငါ ဒီအတိုင်းဖြေခဲ့တာပါပဲ။ ဘာလို့များ ငါပြောတာကို သူ နားမလည်တာပါလိမ့်"

ထောင်ဟွားမှ နှစ်သိမ့်လာသည်။

"‌ရှောင်လင်ကျီက အသင့်ကိုဆို အမြဲအထင်လွဲတတ်တာပါ။ မြိုင်နန်းသခင်က ယောက်ျားတွေကို မကြိုက်တိုင်း သူ့လိုလိုက်ပြီး အတင်းမုန်းခိုင်းတယ်ဆိုပြီး သဘောထားခဲ့တာမို့ ကျွန်မတို့ ဘယ်လိုပဲရှင်းပြရှင်းပြ သူ ဘယ်လိုမှ နားဝင်တာအဟုတ်ဘူး။ ဒီနှစ်နှစ်အတွင်း သူ့အပြုအမူတွေကို ဆင်ခြင်နိုင်ခဲ့ရင် ကောင်းမယ်၊ မဟုတ်ရင်တော့ ဒုက္ခအကြီးအကျယ် ရောက်နေလောက်ပြီထင်ရဲ့"

ဝမ်းလျိုနျဲန်လည်း ခေါင်းခါလိုက်ကာ ပြောလာသည်။

"သူ့စရိုက်ကို သိရသလောက်တော့ ဘာမှ စောင့်ထိန်းတတ်မယ့်ပုံ မပေါ်ပါဘူးလေ"

Tu Fei Gong LueWhere stories live. Discover now