အပိုင်း - ၉၁ ( ဘာလုပ်နေကြတာလဲ )

3.8K 716 171
                                    


အပိုင်း - ၉၁ ( ဘာလုပ်နေကြတာလဲ )

( ဟုန်ကျာလန်လေး အရမ်းစိတ်ဆိုးနေပြီ )

ညနေစောင်း၍ ညစာစားချိန်ရောက်သော် ဟွားထန်မှ မေးလာ၏ ။

"ကိုယ်ရေးအရာရှိနဲ့ သခင်ကြီးရှန့်ကို မတွေ့ပါလား"

"ထန်ယွင်ရဲတိုက်ကို ပြန်သွားတာ"

ဝမ်းလျိုနျဲန်က ပေါက်စီတစ်ကိုက် ကိုက်စားရင်း ဖြေလိုက်သည်။ ထိုစကားကိုကြားတော့ ဟွားထန် စိတ်ပူသွား၏။

"တစ်ခုခုဖြစ်လို့လား။ ကျွန်မ ဘာသတင်းမှ မကြားလိုက်သလိုပဲ။ ဘာလို့ ရုတ်တရက်ကြီး ထွက်သွားကြတာလဲ"

"ဘာမှမဟုတ်ပါဘူး"

ဝမ်းလျိုနျဲန်က ပေါက်စီနောက်တစ်ကိုက် ထပ်ကိုက်စားလိုက်သည်။

"သခင်ကြီးရှန့်ဆီက ကြားလိုက်ရတဲ့စကားအရ လက်ထပ်ပွဲအတွက် ပြင်ဆင်စရာရှိတာ ပြန်သွားပြင်ဖို့လို့ ထင်ပါတယ်"

"လက်ထပ်ကြမှာ?"

စားပွဲတစ်ဝိုင်းလုံးရှိ လူများမှာ အံ့အားသင့်သွားကြသည်။

"အင်း၊ လက်ထပ်ကြတော့မှာ"

ဝမ်းလျိုနျဲန်က ခံတွင်းထဲသို့ လက်ကျန်ပေါက်စီကို သွတ်သွင်းလိုက်၏။ ရင်ထဲတွင်လည်း အနည်းငယ် ဝမ်းနည်းနေသလိုပါပေ။

ကျောက်ဝူက ပြုံးရင်း ပြောလာ၏။

"ဒါဆို ကောင်းကောင်းမွန်မွန်ဖြစ်အောင် ပြင်ဆင်ကြတာပေါ့။ ဆန်းမန်တောင်ပေါ်က ဓားပြတွေကိုလည်း အကုန်ချေမှုန်းပြီးသွားပြီ၊ သခင်ကြီးရှန့်နဲ့ ကိုယ်ရေးအရာရှိကပါ လက်ထပ်ကြဥိးမယ်ဆိုတော့ ဒီထက်ပိုပြီး ပျော်စရာကောင်းပါတော့မလား"

သို့နှင့် အရိပ်တပ်သားများမှာ ညစာစားပြီးသည်နှင့် မင်္ဂလာလက်ဖွဲ့ပြင်ဆင်ရန် အပြေးအလွှားထွက်သွားကြသည်။ ထိုသူတို့မှာ လွန်စွာမှ အူမြုးနေကာ သူတို့ကိုယ်တိုင် လက်ထပ်ရတော့မည့်အလား ငြိမ်ငြိမ်လေးမထိုင်နိုင်ကြတော့။

ကျောက်ယွဲ့က ဝမ်းလျိုနျဲန်အတွက် စွပ်ပြုတ်တစ်ပန်းကန် ထပ်ဖြည့်ပေးလာသည်။

Tu Fei Gong LueWhere stories live. Discover now