အပိုင်း - ၁၂၉ ( ရှေးဟောင်းနှောင်းဖြစ် )

1.8K 430 54
                                    

အပိုင်း - ၁၂၉ ( ရှေးဟောင်းနှောင်းဖြစ် )

( သိုင်းသမားတွေက ဘာလို့ ကတိစကားကို ခပ်တည်တည်ကြီး ပြန်ရုတ်သိမ်းတတ်ကြတာပါလိမ့်)

ဤတစ်ကြိမ်တွင်တော့ ဝမ်းလျိုနျဲန်တစ်ယောက် နှစ်ခြိုက်စွာ အိပ်မောကျနေသည်။ ချူယွမ်သည်ပင် ညီလာခံတက်ပြီးကာအစီရင်ခံစာများ အကုန်ဖတ်ပြီးသည့်တိုင် ဝမ်းလျိုနျဲန် မထသေးပါ‌ေချ။

"ဘာလို့ ခုချိန်ထိ အိပ်နေတာလဲနော်။ နေ့လယ်စာစားချိန်တောင် ရောက်ပြီ"

ချူယွမ်က ခေါင်းခါလျက် ဆိုလာ၏။ ရှစ်ဇီမှ ဖြေလာသည်။

"အမတ်မင်းက စာပေသမားတစ်ယောက်ဆိုတော့ မနေ့ညတစ်ညလုံး စာဖတ်ထားလို့ ပင်ပန်းနေတယ်ထင်ပါတယ်ဘုရား"

ချူယွမ်ကမူ သက်တော်စောင့်များ ပြောပြသည့် သစ်တောလေးထဲက ဖြစ်ရပ်အကြောင်း အမှတ်ရသွား၏။

သစ်တောလေးထဲမှာ....

"အမတ်မင်းကို နှိုးဖို့ လူလွှတ်လိုက်ရမလားဘုရား"

"ထားလိုက်တော့၊ ကိုယ်တော်မြတ်ကိုယ်တိုင် သွားနှိုးမယ်။ အညောင်းအညာပြေ ခြေဆန့်ဖို့ ဥယျာဥ်တော်ဘက် သွားမှာနဲ့ လမ်းကြုံနေတာပဲမို့ ။ ပြီးတော့ ခွန်အားပြည့်စေမယ့် အစားအသောက်တွေ ပြင်ဆင်ပေးပါလို့ စားဖို‌ေဆာင်ကို သွားမှာချေ"

"အမိန့်တော်မြတ်အတိုင်းပါဘုရား"

ထို့နောက် ရှစ်ဇီက စာကြည့်ဆောင်မှ ထွက်သွားသည်။ အရှင်မင်းမြတ်က ဧကရာဇ်အပေါ် အမှန်တကယ် ထောက်ထားကြင်နာတတ်လှကြောင်းလည်း တွေးမိနေ၏။

ချူယွမ်လည်း ဘေးအဆောင်သို့ တစ်ယောက်တည်း လမ်းလျှောက်သွားကာ အခန်းတံခါးဖွင့်လိုက်သည်။ ထိုအခါ ကြမ်းပေါ်ထိုင်လျက် အားပါးတရသမ်းနေသော ဝမ်းလျိုနျဲန်အား တွေ့လိုက်ရ၏။

"....."

"အို၊ အရှင်မင်းမြတ်"

ဝမ်းလျိုနျဲန်က အမြန် မတ်တတ်ရပ်လိုက်၏။

"မင်း ဘာလို့ ကြမ်းပေါ် လာထိုင်နေတာလဲ"

ချူယွမ်က ရယ်မောလိုက်ပြီး မေးလာသည်။

Tu Fei Gong LueWhere stories live. Discover now