အပိုင်း - ၉၉ ( တစ်စုံတစ်ယောက်က မွှေးရနံ့စံအိမ်ကို ငှားထားတယ် )

2.7K 610 64
                                    


အပိုင်း - ၉၉ ( တစ်စုံတစ်ယောက်က မွှေးရနံ့စံအိမ်ကို ငှားထားတယ် )

(သီချင်းလေးတစ်ပုဒ် နားထောင်ရုံတင်ပါ )

ညစျေးတန်းထဲတွင် လူများစွာရှိနေသည်မို့ ရုတ်ရုတ်သဲသဲဖြစ်လာသည်နှင့် လူအများ၏ ပထမဆုံးတုံ့ပြန်မှုမှာ ထွက်ပြေးကြခြင်းသာဖြစ်သည်။ ထို့ကြောင့် တိုက်ခိုက်သံကြားသည်နှင့် လူအုပ်လိုက်ကြီးမှာ ဒီရေလှိုင်းအလား ပြေးလွှားကြကာ စားလက်စ ရောင်စုံမုန့်များမှာ မြေပေါ်၌ ပြန့်ကြဲနေလို့။ ဆီပူအိုးများလည်း မှောက်သွားကြကာ အော်ဟစ်သံများနှင့် ဓားချင်းခုတ်ကြသံများ ရောထွေးနေလျက်ရှိ၏။

ကျောက်ယွဲ့က ဝမ်းလျိုနျဲန်၏ ခါးကို ပွေ့ဖက်လိုက်ကာ မလှမ်းမကမ်းရှိ သုံးထပ်တိုက် အဆောက်အဦးအသေးတစ်ခုအပေါ် ခုန်တက်သွားလိုက်၏။

ယေဘုယျအားဖြင့် ရွှေမြို့တော်၏ ကင်းလှည့်တပ်ဖွဲ့မှာ အခြားမြို့များနှင့် မတူပါ။ လူသူအစည်ကားဆုံး နေရာလည်းဖြစ်သည်မို့ တစ်ခဏအတွင်းမှာပင် ဘုရင့်သက်တော်စောင့်တပ်ဖွဲ့ ရောက်လာပြီဖြစ်ကာ ပြည်သူများအား ဘေးကင်းလုံခြုံရာသို့ ခေါ်ထုတ်ပေးသွားကြသည်။

"ဧကရာဇ် အဆင်ပြေရဲ့လားမသိ"

ဝမ်းလျိုနျဲန်မှာ စိုးရိမ်နေလျက်။

"သူ့ဘေးမှာ အနည်းဆုံး ကိုယ်ရံတော်အယောက်နှစ်ဆယ်လောက် ရှိနေတယ်။ ပြီးတော့ တခြားအရာရှိနဲ့ တပ်သားတွေလည်း ခြံရံနေတာမို့ ဘာမှမဖြစ်လိုက်ဘူး။ ပြီးတော့ ကြည့်ရတာ ဧကရာဇ်က သိုင်းပညာဘက်မှာ အတော်လေး အရည်အချင်းရှိတဲ့ပုံပဲ"

သို့နှင့် သူတို့နှစ်ယောက် စကားပြောနေစဥ်မှာပင် မျက်နှာဖုံးစွပ်ထားသူများမှာ  သိပ်မကြာလိုက်သောအချိန်အတွင်း ဖမ်းဆီးခံလိုက်ကြရသည်။

"မင်း သွာကြည့်ချင်လား"

ကျောက်ယွဲ့မှ မေးလာ၏။ ဝမ်းလျိုနဲန်က ခေါင်းခါပြလိုက်သည်။

"ခုလောလောဆယ် ကျွန်တော် အခြေအနေ သိပ်မသိသေးဘူး။ လူလုံးထွက်မပြတာ ပိုကောင်းမယ်"

သို့နှင့် သက်ဆိုင်ရာအရာရှိများက လုပ်ကြံသတ်ဖြတ်သူများအား ဖမ်းဆီးခေါ်ဆောင်သွားကြပြီးနောက် ညစျေးတန်းမှာ အသံဗလံပင် မကြားရတော့ပါ။ ဝမ်းလျိုနျဲန်လည်း ကျောက်ယွဲ့နှင့်အတူ တည်းခိုအိမ်သို့ ပြန်လာခဲ့သော်ငြား စောနအဖြစ်အပျက်အကြောင်းကိုသာ စဥ္းစားမိနေ၏။

Tu Fei Gong LueWhere stories live. Discover now