အပိုင်း - ၃၀ ( ခေါင်းဆောင်က အမတ်မင်းနဲ့ ထမင်းတူတူသွားစားတယ်)

4.8K 893 75
                                    

အပိုင်း - ၃၀ ( ခေါင်းဆောင်က အမတ်မင်းနဲ့ ထမင်းတူတူသွားစားတယ်)

{ ဒုခေါင်းဆောင် လု၊ သို့မဟုတ် ကျန်းဟူလောက၏ သွေးသောက်ရဲဘော် }

တစ်ယောက်ယောက်ဝင်လာသည့်အသံ ကြားလိုက်ရတော့ မုချင်းရှန်းလည်း မနေတတ်တော့ဘဲ မျက်လုံးမှိတ်ထားလျက်သားနှင့် အလောတကြီးဆိုလာ၏။

"မြန်မြန်လုပ်"

အားပါးပါး၊ လုံးဝကို အချစ်စွမ်းအား ပြင်းထန်ကြီးမားနေတယ်။ ပွင့်ပွင့်လင်းလင်းရှိလွန်းသလို စိတ်တောင် မရှည်နိုင်ကြတော့ဘူး။

သို့နှင့် ကျွေ့ယင်တပ်သားများမှာ ချက်ချင်းပင် လာရာလမ်းအတိုင်း လှည့်ပြန်ပြီး အရိပ်ပင်မမြင်ရလောက်အောင် ပျောက်သွားကြသည်။ သူတို့နှင့်အတူ ဝမ်းလျိုနျဲန်ကိုပါ ဆွဲခေါ်သွား၏။ အမတ်မင်းဝမ်းကမူ လက်နှစ်ဖက်လုံး အဆွဲခံလိုက်ရပြီး စွေ့ခနဲဘအသယ်ခံသွားရသည်ကို အံ့ဩမဆုံးဖြစ်နေပေသည်။

အင်း၊ ယွင်လန်မှ ထွက်လာပြီးကတည်းက ယခုလိုမျိုး တိမ်လွှာမစီးရတော့ပါ။

တိမ်လွှာစီးရခြင်းအား သူလည်း လွမ်းမိပေတည့်။

****

ထမင်းစားခန်းထဲတွင်မူ ရှန့်ယွင်ကျယ်က အနားတိုးလာကာ မုချင်းရှန်း၏ မျက်လုံးအား အသာအယာ လေမှုတ်ပေးလာ၏။

"သက်သာလာပြီလား"

"အင်း"

မုချင်းရှန်းက ခေတ္တခဏမျှ မျက်လုံးဆက်မှိတ်ထားလိုက်ကာ ဖြည်းနှေးစွာ ပြန်ဖွင့်လိုက်သည်။ မျက်ဝန်းအိမ်များမှာ ခုထက်ထိ နီရဲနေဆဲဖြစ်၏။

"ဖုန်ဝင်သွားတာ၊ ခဏနေ ပြန်သက်သာလာလိမ့်မယ်"

"စောနက အမတ်မင်းနဲ့ အရိပ်တပ်သားတွေ မဟုတ်လား။ ကျွန်တော် သူတို့အသံတွေ ကြားလိုက်တယ်"

ရှန့်ယွင်ကျယ် ခေါင်းညိတ်ပြလိုက်သည်။

"အင်း"

မုချင်းရှန်းလည်း စားလက်စအစာကို မြန်မြန်ကုန်အောင် အမြန် ဆက်စားနေလိုက်သည်။ သို့မှသာ အခြေအနေ မည်သို့ဖြစ်နေကြောင်း မြို့စားမင်းအား အပြေးသွားမေးနိုင်မည်ဖြစ်၏။

Tu Fei Gong LueWhere stories live. Discover now