အပိုင်း - ၈၀ ( ကျားခေါင်းဂိုဏ်း၏ သဲလွန်စအသစ် )

3.1K 732 32
                                    

အပိုင်း - ၈၀ ( ကျားခေါင်းဂိုဏ်း၏ သဲလွန်စအသစ် )

( နံရံပေါ်ရှိ ထူးဆန်းသည့် ရုပ်ပုံသင်္ကေတ )

ညလယ်ခေါင်ဝယ် ဝမ်းလျိုနျဲန်က ကုတင်ခေါင်းရင်းအား မှီလျက် ငိုက်မြည်းခြင်းအလျဥ်းမရှိ စာဖတ်နေ၏။

"အမတ်မင်း"

အရိပ်တပ်သားများက ပြတင်းပေါက်အပြင်ဘက်မှ ခေါ်လာသည်။

"​ဆို"

ဝမ်းလျိုနျဲန်က ပြတင်းပေါက်ဖွင့်ပေးလိုက်၏။

အရိပ်တပ်သားက ဆိုလာသည်။

"ဘာမှ​ေတာ့ မဟုတ်ပါဘူး။ အခန်းထဲ မီးလင်းနေတုန်းမို့ အမတ်မင်းများ တစ်ခုခုဖြစ်နေလား လာမေးတာပါ"

ဝမ်းလျိုနျဲန်က ကျေးဇူးတင်စွာ ပြုံးပြလာသည်။

"ကျေးဇူးအများကြီးတင်ပါတယ်။ စာဖတ်ရင်း စျာန်ဝင်နေရုံပါ"

ခေါင်းဆောင်ကျောက်ကို စိတ်ပူနေမှန်း သိသာနေတာကို။

"အမတ်မင်း မအိပ်ချင်ဘူးဆိုရင် ကျွန်တော်တို့နဲ့အတူတူ ခေါင်မိုးပေါ်မှာ လေကောင်းလေသန့်လာရှူပါလား"

"အင်း ၊ ကောင်းသားပဲ "

အရိပ်တပ်သားက ဖိတ်ခေါ်လာသောအခါ ဝမ်းလျိုနျဲန်လည်း ခေါင်းညိတ်လိုက်၏။ ထို့နောက် အပြင်ဝတ်ရုံ ခြုံလွှမ်းကာ အခန်းထဲမှ ထွက်လာလိုက်သည်။

ဆန်းမန်မြို့၏ နေ့နှင့်ညမှာ အပူချိန်လွန်စွာကွာခြားသော်ငြား နွေရာသီရောက်ပြီမို့ ဆောင်းရာသီတုန်းကလောက် မချမ်းတော့ပါ။ ဝမ်းလျိုနျဲန်က ခေါင်မိုးပေါ်သို့ လှေကားဖြင့် တက်လာကာ အဝေးရှိ နဂါးငွေ့တန်းကြယ်စင်စုအား ငေးကြည့်လာ၏။ တကယ်ကိုပင် ရင်ထဲ ပျော်ရွှင်ချမ်းမြေ့လာပေသည်။

အရိပ်တပ်သားများက မုန့်တစ်ထုပ် လှမ်းပေးလာ၏။

"ကျေးဇူးပါ"

ဝမ်းလျိုနျဲန်လည်း တစ်ခုယူစားလိုက်၏။ ညရောက်လျှင် သူ ပြည့်နင့်နေအောင် မစားတတ်ပါ၊ အဆာပြေစားရုံမျှသာ ဖြစ်ချေသည်။

ထိုစဥ် အရိပ်တပ်သားတစ်ယောက်က အကြံပြုလာ၏။

"ဆန်းမန်တောင်ပေါ် ခဏခဏတက်သွားဖူးမှတော့ ခေါင်းဆောင်ကျောက်ရော ရှောင်ဝူပါ ကျားခေါင်းဂိုဏ်းရှိရာကို ကျွမ်းကျွမ်းကျင်ကျင်သွားနိုင်ပါပြီ။ တပ်မှူးချိန့်ကတော့ တစ်ခါမှ မရောက်ဖူးဘူးလို့ပဲပြောပြော ဧကရာဇ်အပါးတော်နားက သိုင်းပညာရှင်ဆိုတော့ ဘာပြဿနာမှ မဖြစ်လောက်ပါဘူး။ အမတ်မင်း၊ စိတ်မပူလိုက်ပါနဲ့"

Tu Fei Gong LueWhere stories live. Discover now