အပိုင်း - ၁၆၀ ( လမ်းကြုံ ငွေ‌လိုက်ကောက်မယ် )

2.6K 417 18
                                    

အပိုင်း - ၁၆၀ ( လမ်းကြုံ ငွေ‌လိုက်ကောက်မယ် )

( အခုချက်ချင်း လှူကြစမ်း!!!!)

မွန်းလွဲပိုင်းတွင် မင်းသားစံအိမ်တော်မှ လူတစ်ယောက်လွှတ်လာကာ စားသောက်ဧည့်ခံပွဲ ပြင်ဆင်ကျွေးမွေးမည်ဖြစ်သဖြင့် ၊ အရာရှိများလည်း စောင့်ဆိုင်းနေပြီဖြစ်သဖြင့် အားလုံးကြွလာပါရန် ဖိတ်ခေါ်လာသည်။

ယဲ့ကျင်က ရှန်ချန်းဖုန်း၏ရင်ခွင်ထဲ အနေအထားပြောင်းလိုက်ကာ ပြောလာ၏။

" ဘာနေ‌ေန သူ့လုပ်ရပ်တွေကို‌ေတာ့ မရပ်နိုင်သေးဘူးလို့ ကျွန်တော်ဖြင့်သိ‌ေနသား"

"မသွားချင်ဘူးလား"

ရှန်ချန်းဖုန်းက တစ်ဖက်လူ၏ ဆံနွယ်များကို သပ်ပေးကာ မေးလာ၏။

"ဒါဆိုလည်း မသွားတော့ဘဲ အိမ်မှာပဲ နားချေ"

ယဲ့ကျင်ကမူ ခေါင်းခါလိုက်သည်။

"မသွားပြန်ရင်လည်း ဟိုဘက်အရာရှိတွေ တစ်ခုခုပြောစရာရသွားဦးမယ်"

ရှန်ချန်းဖုန်းမှာ အံ့ဩသွားရသည်။

"သူများတကာ ဘာတွေပြောမလဲဆိုတာ မင်း စိုးရိမ်တယ်ပေါ့"

"ဘာလို့ မစိုးရိမ်ရမှာလဲ"

ယဲ့ကျင်မှ နှုတ်ခမ်းဆူလိုက်ကာ ပြောလယသည်။

"ချူဟိန်က ဒီအရှေ့ပင်လယ်မှာ နှစ်ပေါင်းများစွာ အခြေချလာတာမို့ ဒီကအရာရှိတွေကို လာဘ်ထိုးထားပြီးသားဖြစ်နိုင်တယ်။ ဒါကြောင့် ဒီအခွင့်အရေးရတုန်း ကျွန်တော်လည်း အခြေအနေ သွားထောက်လှမ်းကြည့်မှာ"

ထိုစကားကိုကြားသောအခါ ရှန်ချန်းဖုန်းမှာ ပြုံးမိသွား၏။

"ဧကရာဇ်သာ သိတော်မူရင် တကယ်ဝမ်းသာသွားမှာ"

ယဲ့ကျင် အံ့ဩသွား၏။

"ဒီကမှူးမတ်တွေကို ချူဟိန် လာဘ်ထိုးထားတဲ့ကိစ္စ၊ သူ ဘာလို့ ဝမ်းသာရမှာလဲ"

ရှန်ချန်းဖုန်းက တစ်ဖက်လူ၏နှာခေါင်းကို ညှစ်လိုက်၏။

"ကိုယ်ဆိုလိုတာက မင်း သူ့အတွက် ဒီလောက်ထိတွေးပေးနေမှန်း ဧကရာဇ်သာ သိရရင် ကျိန်းသေပေါက် ဝမ်းသာမှာလို့"

Tu Fei Gong LueWhere stories live. Discover now