အပိုင်း - ၁၀၃ ( အမတ်မင်းဝမ်းက နန်းတော်ထဲ ဝင်သွားပြီ )

2.7K 577 65
                                    


အပိုင်း - ၁၀၃ ( အမတ်မင်းဝမ်းက နန်းတော်ထဲ ဝင်သွားပြီ )

(ဘုရင့်တပ်မတော်ထဲက မိတ်ဆွေလေးဟာ အရမ်းကြမ်းတမ်းတာပဲ )

"ဒီလောက်မိုးသည်းနေတာကို ဘာကိစ္စ လမ်းသလားနေတာလဲ"

ချိန့်လျဲ့က သူ့ပခုံးအားဖက်ထားသည့် တစ်ဖက်လူဆီမှ အတင်းရုန်းထွက်ရင်း မေးလာသည်။
အရိပ်တပ်သားက ဖြေလာ၏။

"ရှန့်စံအိမ်မှာ အရမ်းမွန်းကျပ်တယ်။ ဒါကြောင့် အပြင်ထွက်ပြီး မိုးအစိုခံတာ ပိုကောင်းတယ်လေဗျာ "

ချိန့်လျဲ့မှာ ထိုစကားအား လုံးဝ သံသယမဝင်ပါချေ။ အရင့်အရင် အတွေ့အကြုံများအရ မိုးမိမည်စိုးသည်ဟု​ အကြောင်းပြကာ ဤလူများကို ငြိမ်ငြိမ်နေခိုင်းဖို့ မဖြစ်နိုင်မှန်း သူ သိနေသောကြောင့်ပင် ဖြစ်၏။

အရိပ်တပ်သားက သူ့အားကြည့်ကာ ပြန်မေးလာ၏။

"တပ်မှူးချိန့်ကရော ဘာလုပ်နေတာလဲ ၊ နန်းတော်ထဲကနေ လူတွေအများကြီး ခေါ်ထုတ်လာတာလား"

"ဧကရာဇ်အမိန့်တော်အရ သံသယရှိသူကို ဖမ်းခေါ်ပြီး ပြန်သွားရမှာပါ။ ဒီရက်ပို်င်း အမတ်မင်းကို စောင့်ရှောက်ပေးကြပါဦးနော့"

"ဟင်၊ ဘာသဘောလဲ"

အရိပ်တပ်သားလေးက တောင့်ခဲမှင်သက်သွား၏။

"သံသယဝင်စရာကောင်းတဲ့ လူတစ်ယောက်ယောက်က အမတ်မင်းနား ချဥ္းကပ်ဖို့ ဒီမြို့တော်ထဲ ရောက်နေတယ်လို့ ဆိုလိုတာလားခင်ဗျာ"

ချိန့်လျဲ့မှာ ခေါင်းအမြန်ခါပြလိုက်၏။

" မဟုတ်ပါဘူးခင်ဗျာ၊ အမတ်မင်းနဲ့ မဆိုင်ပါဘူး။ ဒါပေမယ့် မြားတံမှာ မျက်စိမပါသလို တစ်ဖက်ရန်သူက ဒီမြို့တော်ထဲ ပုန်းကွယ်စရာနေရာ သိပ်မသိလောက်တာမို့ ဖမ်းဆီးမယ့်အခါမှာ မဆိုင်တဲ့လူပါ မတော်တဆထိခိုက်မိသွားရင် မကောင်းလို့ပါ"

"အဲ့လိုကိုး"

အရိပ်တပ်သားများက စိတ်သက်သာရာရစွာ သက်ပြင်းမောချလာကြ၏။

"ဒါဆို အခု ဘယ်သူ့ကို ဖမ်းကြမှာလဲ။ တိုက်ပွဲအကြီးကြီး ရှိမှာလား"

Tu Fei Gong LueWhere stories live. Discover now