အပိုင်း - ၁၇၁ (ရေသူမမျက်ရည်)

1.2K 295 22
                                    


အပိုင်း - ၁၇၁ (ရေသူမမျက်ရည်)

(နတ်ဆေးဆရာလည်း အအေးမိတာပဲ )

"ငါးဖြူမျှော်စင်ထဲ ယန္တရားအများကြီးရှိတာမို့ မိန်းကလေးဘက်က တစ်ခုခုရှာချင်တယ်ဆို တစ်ယောက်တည်းအားနဲ့ လွယ်ကူမယ်မထင်ပါဘူး။ ကျုပ်တို့ပါကူရင် ပိုလွယ်ပါလိမ့်မယ်"

ရှောင်လင်ကျီကမူ စိုးထိတ်နေဆဲ။

"အဲ့တော့ ကျွန်မဘက်က ဘာပြန်လုပ်ပေးဖို့လိုမလဲ"

ဝမ်းလျိုနျဲန်က သူမအနား တိုးတိုးလေးပြောပြလိုက်၏။ ရှောင်လျိုကျီမှာ အနည်းငယ် မျက်မှောင်ကြုတ်သွားပေသည်။

"ကျွန်မ သဘောမတူဘူးဆိုရင်ကော"

"မေ့ဟွန်ပန်းအကြောင်း ဂိုဏ်းချုပ်လျိုဆီ သွားပြောပြမယ်လေ"

"ရှင်တော့!!!"

ရှောင်လျို့ကျီမှာ ဒေါသတထောင်းထောင်းထွက်နေလို့။

"မိန်းကလေး၊ အေးအေးဆေးဆေး ပြန်စဉ်းစားပါလေ။ တခြားလူတွေ အခက်တွေ့မှာမျိုးကို ကျုပ် ဟတ်ချိုး!!!!! ....မလုပ်ပါဘူး"

နည်းနည်း အေး‌‌ေနတယ်။

ဝမ်းလျိုနျဲန်က နှာခေါင်းကိုသာ ပွတ်နေလိုက်၏။

"ရှင်တို့ထဲက ဂိုဏ်းချုပ်ရှန်ဆိုတာ ဘယ်သူလဲ"

"ဂိုဏ်းချုပ်ရှန် မပါလာပါဘူး။ တစ်ဆင့်ပြောပေးလို့‌ေတာ့ ရပါတယ်"

"ရှင့်စကားက ယုံလို့‌ေရာ ရလို့လား"

ရှောင်လင်ကျီမှာ ဝမ်းလျိုနျဲန်အား သံသယရှိနေဆဲ။

ဝမ်းလျိုနျဲန်ကမူ စိတ်ရှည်စွာပင် ခေါင်းညိတ်ပြလိုက်၏။

"အင်း၊ ကျုပ်က စကားတည်ပါတယ်"

ဝူယင်းမှ ဝင်ပြောလာ၏။

"ငါတို့ရဲ့အမတ်မင်းက တာ့ချူမှာ ဉာဏ်ပညာအထက်မြက်ဆုံးပါ။ ဒီကိစ္စတွေကိုဖြေရှင်းဖို့ ဧကရာဇ်ကိုယ်တော်တိုင် တာဝန်အပ်နှင်းတော်မူထားလို့ ရောက်လာတာလေ။ မင်း မဆုံးဖြတ်ရင် ခဏနေ မိုးလင်းတော့မှာနော်"

"လက်စသတ်တော့ ဘုရင့်အမှုထမ်းကိုး"

ရှောင်လင်ကျီမှ တိုးတိုးလေးရေရွတ်လာသည်။ လျိုကျန့်ဝေက သိုင်းလောကခေါင်းဆောင်နှင့်အဖွဲ့ ရောက်လာမည်ဟုသာ ပြောထားရာ ညီလာခံသဘင်မှ ဘုရင့်အမှုထမ်းပါ ပါလာမည်ဟု သူမ မထင်ထားပါချေ။

Tu Fei Gong LueWhere stories live. Discover now