အပိုင်း - ၁၁၂ ( မြို့တော်အသွားလမ်းထက်မှ ဓားပြ )

2.7K 517 88
                                    


အပိုင်း - ၁၁၂ ( မြို့တော်အသွားလမ်းထက်မှ ဓားပြ )

( ကြမ်းတမ်းတဲ့ပုံစံနဲ့ တွေ့ဆုံခဲ့ကြတယ်)

"စောနက မင်း ဘာလို့ အဲ့လိုပြောလိုက်တာလဲ"

ကျောက်ယွဲ့က သူ့အား အခန်းထဲ ခေါ်သွားလိုက်ကာ ပေါင်ပေါ်ပွေ့တင်ပြီး ဖက်ထားလိုက်၏။ ဝမ်းလျိုနျဲန်က မျက်တောင်လေးတဖျတ်ဖျတ် ခတ်လာသည်။

"ဘာလို့လဲ၊ ဒါက စုံစမ်းရမယ့် အမှုပဲလေ။ အဲ့လိုမှ မပြောရင် တစ်ဖက်လူဆီက ဘယ်လိုလုပ် စကားနှိုက်လို့ ရမှာလဲ"

"အဲ့အကြောင်း ကိုယ် မတွေးမိဘူး။ တကယ်လို့များ အဲ့လူတွေထွက်ပြေးသွားရင် ဘယ်လိုလုပ်ကြမှာလဲပြော။ နောက်ဆို ဒီလိုအန္တရာယ်များတာမျိုး ထပ်မလုပ်နဲ့"

ဝမ်းလျိုနျဲန် ပြန်မေးလာ၏။

"သူတို့ကို ထွက်ပြေးခွင့်ပေးမလို့လား"

"ဟင့်အင်း"

ကျောက်ယွဲ့ ခေါင်းခါလိုက်သည်။

ဝမ်းလျိုနျဲန် ပြုံးလိုက်၏။

"ပြီးပြီလေ၊ ကျွန်တော် ဆင်ခြင်တတ်ပါတယ်ဆို"

"ဒီတစ်ခေါက်တည်းကိုပဲ ပြောနေတာမဟုတ်ဘူး။ နောက်ဆို ဒီလိုမျိုး ထပ်မလုပ်ရဘူး ၊ ကြားလား။ ဘာပဲ လုပ်လုပ်၊ ကိုယ့်ကိုယ်ကို အရင် ကာကွယ်ထားရမယ်"

"အဲ့လောက်လည်း မကြီးလေးပါဘူး။ အဲ့လူတွေ တကယ်ထွက်ပြေးသွားနိုင်တယ်ပဲထား၊ ဧကရာဇ်ရှေ့တော်မှောက်မှာ ကျွန်တော့်ကို အပုပ်ချဖို့ မမီတော့ပါဘူး။ အလွန်ဆုံးရှိ မြို့တော်ထဲမှာပဲ ကောလဟာလလိုက်ဖြန့်မယ်။ ဘယ်သူမှလည်း သူတို့ကို ယုံကြမှာမဟုတ်ဘူး"

ကျောက်ယွဲ့က တစ်ဖက်လူ၏ နှာခေါင်းကို ဆွဲညှစ်လိုက်သည်။

"မင်းကပဲ ကျိုးကြောင်းသင့်လျော်အောင် အလုပ်နိုင်ဆုံးလူပါ"

ဝမ်းလျိုနျဲန်က မျက်နှာကို အရှက်ပြေကုတ်ရင်း ပြုံးလာ၏။

"ကျွန်တော့်ဦးနှောက်က အသုံးတည့်နေတာကို"

.
.
.

အိမ်အပြင်ဘက်တွင်မူ အရိပ်တပ်သားများက ဘုရင့်သက်တော်စောင့်များနှင့်အတူ ကြက်ခြေထောက် အတူစားနေကြသည်။ လမင်းလည်း လင်းထိန်နေကာ လေပြည်လည်း အေးမြသန့်ရှင်းလှ၏။ ပန်းရနံ့လည်းသင်းပျံ့နေကာ ကြည်နူးဆွတ်ပျံ့စရာကောင်းလှပေသည်။

Tu Fei Gong LueWhere stories live. Discover now