အပိုင်း - ၃၂

3.6K 827 74
                                    


အပိုင်း - ၃၂ { ညခင်းချိန်ခါ ဆန်းမန်တောင်ပေါ်သို့ သွားရောက်ထောက်လှမ်းခြင်း }

[ မြို့စားမင်းက အလုပ်လုပ်တာ အရမ်းဆရာကျတယ် ]

"ဒါပေမယ့် မုဝန့်လေနဲ့ မုဝန့်ရှုန်တို့  ဒီရုံးတော်ကို မကြာခဏ ရောက်လာနိုင်တယ်နော်"

"ကျွန်တော်တို့ သတိထားပါ့မယ်ခင်ဗျာ။ တမင်ရှောင်နေရင် တွေ့ဖို့လမ်းစ သိပ်မမြင်ပါဘူး။ ပြီးတော့ အဲ့ဒီမုညီနောင်က အကြောင်းရင်းမြစ် မရှိပါဘဲ ခံတပ်သခင်ရဲ့အိမ်ကို သွားမှာမဟုတ်လို့ပါခင်ဗျာ "

"ဘာအကြောင်းကြောင့်များ တောင်ပေါ်ကနေ မဖြစ်မနေ ဆင်းလာချင်တာလဲ "

ဝမ်းလျိုနျဲန်က မျက်မှောင်အနည်းငယ်ကြုတ်ကာ မေးလာသည်။ ယခုထက်ထိ သိပ်ပြီး သဘောမတူချင်သေးမှန်း သိသာလှ၏။

"တစ်ရက်နှစ်ရက်လောက်က အဆင်ပြေပေမယ့် ဒီလိုသွားလာနေတာက ရေရှည်ကျ ကောင်းတဲ့အစီအစဥ်မဟုတ်ပြန်ဘူး။ အခု ကျွန်တော်တို့က ပဋိပက္ခဖြစ်ချိန်ကြား ရောက်နေတာမို့ အမတ်မင်းဘက်က အရေးကြီးကိစ္စ တိုင်ပင်စရာလိုရင် ကျွန်တော်တို့ကို အချိန်မရွေး တိုင်ပင်ရလည်း လွယ်ပါမယ် "

"ဒုခေါင်းဆောင်ဘက်က ပြတ်သားပြီးသားဆိုမှတော့ ပန်ကွမ်းလည်း ဆက်ပြီး မကန့်ကွက်ရဲတော့ပါဘူး။ ဒါပေမယ့် စံအိမ်က ခံတပ်သခင်အပိုင်ဆိုတော့ သူ့ကို အရင်သွားမေးကြရအောင်ပါ"

လုကျွေး ခေါင်းညိတ်ပြလိုက်သည်။

"မှန်တာပေါ့ခင်ဗျာ။ ကျွန်တော် သွားမေးကြည့်လိုက်ပါ့မယ်"

****

စံအိမ်အနောက်ဘက်ရှိ ကွင်းပြင်မှာ ရှန့်ယွင်ကျယ်၏ ဓားသိုင်းလေ့ကျင့်ရာနေရာဖြစ်သည်။ မုချင်းရှန်းကမူ ထိုမြင်ကွင်းအား ငြီးငွေ့စရာကောင်းသည်ဟု မြင်၏။ သို့သော် အကြိမ်တိုင်း အတင်းဆွဲခေါ်ခံနေရသဖြင့် မည်သို့မှ မတတ်သာတော့ဘဲ သိုင်းလေ့ကျင့်မှုကြီးအား ခဏခဏလာကြည့်ရရာ ယခုတော့ နေသားကျလာပြီဖြစ်သည်။ နောက်ဆုံးတော့ ကျောက်ဆောင်တစ်ခုပေါ်တွင် ထိုင်ကြည့်ရင်း လေကောင်းလေသန့်သာ ခံယူလိုက်၏။

Tu Fei Gong LueWhere stories live. Discover now