အပိုင်း - ၁၉၄ ( လက်ချင်းယှက်နွယ်ကာ ထာဝရတာ အဆုံးမဲ့ )

2.7K 397 109
                                    


အပိုင်း - ၁၉၄ ( လက်ချင်းယှက်နွယ်ကာ ထာဝရတာ အဆုံးမဲ့ )

( လောကအဝှမ်း ငြိမ်းချမ်းသာယာခဲ့ပေတည့် )

"ဒါက ယင်းယာလား"

တောင်ခြေ၌ ရပ်လိုက်ရင်း ဝမ်းလျိုနျဲန်က ရှေ့ရှိတောင်တန်းအား မော့ကြည့်လာသည်။

"အင်း"

ကျောက်ယွဲ့က သူ့အား ဝတ်ရုံခြုံလွှမ်းပေးလိုက်၏။

"ဆရာလည်း ရောဂါဝေဒနာကြောင့် ဆုံးပါးသွားပြီ၊ ညီအစ်ကိုမောင်နှမတွေကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြပြီဆိုတော့ အိမ်တွေလည်း ပျက်စီးနေလောက်ပြီထင်တယ်"

ဝမ်းလျိုနျဲန်မှ အခိုင်အမာ ပြောလာသည်။

"ဟင့်အင်း၊ ရအောင်ကို သွားကြည့်မှဖြစ်မှာ။ ခင်ဗျား ကြီးပြင်းလာခဲ့တဲ့နေရာ ဖြစ်နေတာမို့လို့"

ကျောက်ယွဲ့လည်း ပြုံးလိုက်ကာ လက်ချင်းတွဲလျက် တောင်ပေါ်သို့ အေးအေးဆေးဆေး အတူတက်သွားကြ၏။

ကျောက်ယွဲ့မှ မေးလာသည်။

"ဆန်းမန်မှာတုန်းက ကိုယ် မင်းကို ပေးခဲ့ဖူးတဲ့ ခရာအသေးလေးကို မှတ်မိသေးလား"

"မှတ်မိတယ်"

ဝမ်းလျိုနျဲန်က ၎င်းအား အိတ်ကပ်ထဲမှ ထုတ်ပြလာ၏။

ကျောက်ယွဲ့မှာ အံ့ဩသွားရပေသည်။

"ကိုယ်နဲ့မကွာ အမြဲဆောင်ထားတာလား"

ဝမ်းလျိုနျဲန်မှ လေးနက်စွာ ဆိုလာသည်။

"ဒီမနက် တည်းခိုဆောင်ကနေ ထွက်လာတော့ အဝတ်ထုပ်ထဲကနေ တစ်ခါတည်း ထုတ်ယူလာလိုက်တာ။ နောက်ဆို နှင်းငှက်ကြီးတွေပြဖို့ ယင်းယာကို ခေါ်လာမှာဆိုလို့"

"မှတ်ဉာဏ်ကောင်းလိုက်တာနော်"

ကျောက်ယွဲ့က တစ်ဖက်လူအား အသည်းယားစွာ နှာဖျားလေးညှစ်လိုက်သည် ။

ဒါပေါ့....

ဝမ်းလျိုနျဲန်မှာ နှာခေါင်းကိုသာ ပွတ်လိုက်သည်။

ခင်ဗျားပြောခဲ့တဲ့ စကားလုံးတိုင်းကို မှတ်မိနေခဲ့သလို တစ်ခွန်းချင်းစီတိုင်းကိုလည်း ထပ်ခါတလဲလဲ တန်ဖိုးထားနေမှာ။

You've reached the end of published parts.

⏰ Last updated: Jan 17 ⏰

Add this story to your Library to get notified about new parts!

Tu Fei Gong LueWhere stories live. Discover now