အပိုင်း - ၂၄

4.1K 912 121
                                    

အပိုင်း - ၂၄ ( စည်ကားလှသော မီးပုံးပွဲတော် ညစျေးတန်း)

{ ဒီလိုနှုန်းလေးနဲ့တင် အရမ်းကောင်းတာပဲ }

သကြားအရုပ်ချောင်းပုံရေးဆွဲသော ဆိုင်တန်းရှေ့တွင် လူများ ပြည့်သိပ်နေလျက်ရှိသည်၊ အထူးသဖြင့် ကလေးငယ်များ ဖြစ်ကြ၏။ ကြီးကောင်ကြီးမားခန္ဓာကိုယ်ရှိသော ကျောက်ယွဲ့မှာ ကလေးငယ်လေးများကြားတွင် အထင်းသားပေါ်လွင်နေသည်။ သူ့ဘေးနားရှိ ဝမ်းလျိုနျဲန်ကမူ ခါးကိုကိုင်းညွှတ်ကာ ဆောင့်ကြောင့်ထိုင်လိုက်၏။ ထို့နောက် အကောင်းဆုံးပုံဖြစ်အောင် ကြိုးစားလုပ်ဆောင်နေသည့်နှယ် ကို သေချာထိန်းပြီး ဆွဲကြည့်နေသည်။

ဘေးနားရှိ ကလေးငယ်များကလည်း အသက်ရှူရန်ပင်မေ့နေကာ ထိုသတ္တုပြားထက်အား မျက်တောင်မခတ်တမ်း လိုက်ကြည့်နေကြသညခ။

ကျောက်ယွဲ့မှာ ဤနေရာမှ ထွက်သွားချင်လှပြီဖြစ်၏။

သို့သော် လက်တွေ့တွင် သူ တကယ်မလုပ်နိုင်ပြန်ပါ။

ဤစျေးတန်းဝယ် လူစည်ကားလှသည်။ ထို့အပြင် ဓားပြများကို ရှင်းလင်းချေမှုန်းလိုသည့် ဤမြို့သားမင်း၏ ရည်မှန်းချက်မှာ အငြိုးအတေးများစွာအား ပေါက်ဖွားလာစေလိမ့်မည်။ ဤမြို့စားမင်းကို ရန်ပြုရန် စောင့်ကြည့်ချောင်းမြောင်းနေသူမရှိပါဟု မည်သူကများ တပ်အပ်သေချာ ပြောနိုင်ပါအံ့မည်နည်း။ ဖြစ်မလာသင့်သောကိစ္စများ ဖြစ်ပွားမလာဖို့ရာ ၊ ထိုလုလင်ပျိုဘေးနားတွင် ကိုယ်ရံတော်တစ်ယောက်ယောက်တော့ အချိန်မပြတ် လိုက်လံစောင့်ကြပ်ပေးရမည်သာဖြစ်သည်။

သို့သော်လည်း ..... ရုံးတော်မှ သူ ထွက်လာစဥ်တုန်းက ကျွေ့ယင်နန်း၏ တပည့်တပ်သားများရော၊ ကျွေ့ယင်နန်းမှ ရာထူးကြီးလူနှစ်ယောက်ကိုရော၊ ထန်ယွင်ခံတပ်တပည့်သားများကိုပါ တွေ့မြင်ခဲ့ရသည်။ ယခုကျမှ ဘာကြောင့်များ မိမိတစ်ယောက်တည်းသာ ထိုသူ့ဘေးနား ကျန်နေခဲ့ပါသနည်း။

ဘေးနားရှိကလေးများက စိတ်အားထက်သန်စွာ အားပေးနေကြသည်။ ဝမ်းလျိုနျဲန်က ဆိုင်ရှင်ထံမှ ဧရာမနဂါးနှင့် ဇာမဏီငှက်ရုပ်သဏ္ဍာန်ရှိသည့် သကြားပန်းချီအရုပ်ချောင်းနှစ်ခုကို ယူလိုက်ကာ ပြုံးရွှင်နေသောမျက်နှာနှင့်ပင် ကျောက်ယွဲ့အား တစ်ခုလှမ်းပေးလိုက်သည်။

Tu Fei Gong LueWhere stories live. Discover now